DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ်နှင့် ဘိုင်ဒင်ခေတ်တွင် နိုင်ငံ့ကြွေးမြီ ၂ ဆကျော်တိုး၊ ဒေါ်လာ ၄၀ ထရီလီယံအထိရှိလာ
DVB
·
August 20, 2026
Photo: BUREAU OF ENGRAVING AND PRINTING, PGPF.ORG WEBSITE, REUTERS, SENATE TV
Photo: BUREAU OF ENGRAVING AND PRINTING, PGPF.ORG WEBSITE, REUTERS, SENATE TV
Donate to DVB

အမေရိကန်ပြည်ထောင်စုမှာ ထရမ့်ပ်နဲ့ ဘိုင်ဒင် အစိုးရလက်ထက်တွေမှာ နိုင်ငံ့ကြွေးမြီ ၂ ဆကျော်တိုးခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၀ ထရီလီယံအထိ ရှိလာတယ်လို့ ဘဏ္ဍာရေးဌာန စာရင်းတွေမှာ ဖော်ပြပါတယ်။

ဩဂုတ် ၁၈ ရက်အထိ နိုင်ငံ့ကြွေးမြီပမာဏဟာ အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၀၅ ထရီလီယံ ရှိလာပါတယ်။

၂၀၁၆ ခုနှစ်မှာ ကြွေးမြီဟာ အမေရိကန်ဒေါ်လာ ၂၀ ထရီလီယံနီးပါးသာ ရှိခဲ့ပြီး ထရမ့်ပ်နဲ့ ဘိုင်ဒင် အစိုးရလက်ထက်တွေမှာ အစိုးရအသုံးစရိတ်နဲ့ အတိုးပေးချေမှုတွေကြောင့် မြင့်တက်လာခဲ့ပါတယ်။

အမေရိကန်ဟာ သတ်မှတ်ထားတဲ့ ကြွေးမြီအများဆုံးပမာဏ ၄၁ ဒသမ ၁ ထရီလီယံကိုလည်း နီးကပ်လာပြီး ၂၀၃၆ ခုနှစ်မှာ ၆၄ ထရီလီယံလောက်အထိ တက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အစိုးရချေးငွေကုန်ကျစရိတ် မြင့်လာတာနဲ့အတူ အိမ်ရာချေးငွေ၊ ကားချေးငွေနဲ့ ခရက်ဒစ်ကတ် အတိုးနှုန်းတွေကိုပါ သက်ရောက်စေနိုင်ပါတယ်။

နှစ် ၃၀ သက်တမ်းရှိ အမေရိကန်အစိုးရငွေချေးစာချုပ် အတိုးနှုန်းက ဩဂုတ် ၁၈ ရက်မှာ ၅ ဒသမ ၃၄ ရာခိုင်နှုန်းအထိ တက်ပြီး နှစ် ၂၀ နီးပါးအတွင်း အမြင့်ဆုံးအဆင့် ရောက်ခဲ့ပါတယ်။

ဒါကြောင့် ဘဏ္ဍာရေးဌာနက ရေရှည်ငွေချေးစာချုပ် ပြန်ဝယ်မဲ့ပမာဏကို အမေရိကန်ဒေါ်လာ ၂ ဘီလီယံကနေ ၄ ဘီလီယံအထိ နှစ်ဆတိုးမယ်လို့ ကြေညာခဲ့ပြီး အတိုးနှုန်းက ၅ ဒသမ ၁၈ ရာခိုင်နှုန်းအထိ ပြန်ကျလာပါတယ်။

အမေရိကန်နိုင်ငံ့ကြွေးမြီဟာ တနှစ်တာ စီးပွားရေးထုတ်လုပ်မှု GDP ရဲ့ ၁၂၅ ဒသမ ၈ ရာခိုင်နှုန်း ရှိပြီး ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံတွေထဲမှာ အမြင့်ဆုံးအဆင့်တွေထဲက တခုဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013