DVB Logo
Home
မြန်မာသတင်း
မြင်းခြံ MBT တပ်ဖွဲ့ မြို့ပြစစ်ဆင်ရေး လုပ်ဆောင်မည်
DVB
·
January 2, 2025
မြင်းခြံ MBT တပ်ဖွဲ့ မြို့ပြစစ်ဆင်ရေး လုပ်ဆောင်မည်
Donate to DVB

မန္တလေးတိုင်းနဲ့ မကွေးတိုင်းတွေထဲမှာ စစ်ရေးလှုပ်ရှားနေတဲ့ မြင်းခြံခရိုင် အမှတ် ၉ တပ်ရင်း Myingyan Black Tiger - MBT (မြင်းခြံကျားမဲတပ်ဖွဲ့) က မြို့ပြစစ်ဆင်ရေးတွေ လုပ်ဆောင်တော့မယ်လို့ ဇန်နဝါရီ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

MBT အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “မြို့ပြတိုက်ပွဲတွေဆင်နွှဲဖို့ ကျနော်တို့အဖွဲ့က ခေါ်ယူခဲ့တဲ့ End Point ကမ်ပိန်းမှာ ပြည်သူတွေရဲ့ ယုံကြည်ထောက်ပံ့မှုကြောင့်မို့ ကမ်ပိန်းရည်မှန်းချက်ထက်ကို ကျော်လွန်ပြီးတော့ ၁၀၃ ရာခိုင်နှုန်းအထိ ရရှိခဲ့လို့ မကြာမီကာလထဲမှာ မြို့ပြစစ်ဆင်ရေးတွေ လုပ်ဆောင်သွားတော့မှာ ဖြစ်တယ်ဆိုတာ ပြည်သူတွေကို အသိပေးလိုပါတယ်” လို့ ပြောပါတယ်။

မြို့ပြစစ်ဆင်ရေးတွေ စတင်တော့မှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးတွေကို အတတ်နိုင်ဆုံး စုဆောင်းထားကြဖို့လည်း တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။

MBT အဖွဲ့ရဲ့ တာဝန်ခံ ဗိုလ်မိုက်ခဲက “မြို့သိမ်းတိုက်ပွဲဆင်နွှဲဖို့ အဓိကထားပြီး ခေါ်ယူခဲ့တဲ့ End Point ကမ်ပိန်းက ထင်ထားတာထက် ပိုပြီး ၁၀၀ ရာခိုင်နှုန်းကျော်နဲ့ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ အဲဒါကြောင့်မို့ လက်နက်ခဲယမ်းတွေဝယ်ယူပြီး မကြာခင်အချိန်မှာ မြို့သိမ်းတိုက်ပွဲတွေ စတင်တော့မှာဖြစ်တယ်။ စစ်ရေးအရ ဘယ်အချိန် ဘယ်လိုတိုက်မယ် ဆိုတာကတော့ ထုတ်ပြောလို့မဖြစ်နိုင်ဘူးလေ။ သင့်တော်သလို ဝင်တိုက်မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ကြိုတင်စုဆောင်းထားကြဖို့ အထူးတိုက်တွန်းလိုတာပါ” လို့ DVB ကို ပြောပါတယ်။

ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီစခန်းတွေနဲ့ နီးကပ်တဲ့နေရာတွေကို အတတ်နိုင်ဆုံး သွားလာတာတွေ ရှောင်ရှားကြဖို့အပြင် ပျော်ပွဲရွှင်ပွဲတွေကို အထူးရှောင်ရှားကြဖို့ မေတ္တာရပ်ခံလိုတယ်လို့ သူကဆက်ပြောပါတယ်။

Myingyan Black Tiger – MBT တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ထဲမှာလည်း မန္တလေးတိုင်းနဲ့ မကွေးတိုင်းတွေထဲမှာ မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ စစ်ကောင်စီတပ်ကို ထိုးစစ်ဆင် တိုက်ခိုက်မှု ၉ ကြိမ်၊ ခုခံစစ် ၁၁ ကြိမ်၊ မြို့ပြပြောက်ကျားစစ်ဆင်ရေး ၁၁ ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ၆ ကြိမ်နဲ့ ဒရုန်းစစ်ဆင်ရေး ၅ ကြိမ် စုစုပေါင်း စစ်ဆင်ရေး ၄၂ ကြိမ် ဖော်ဆောင်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော် သေဆုံးခဲ့သလို လက်နက်ကြီး၊ လက်နက်ငယ် ၂၄ လက်နဲ့ ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲတွေအတွင်း MBT တပ်ဖွဲ့ဘက်က ရဲဘော်ကုလားလေးနဲ့ ရဲဘော်ဝဏ္ဏထွန်းတို့ ၂ ယောက် ကျဆုံးခဲ့ရပြီး ရဲဘော် ၂၈ ယောက်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013