DVB Logo
Home
နိုင်ငံတကာ
အစ္စရေးကာကွယ်ရေးဝန်ကြီးဟောင်း ဂါလန့်ထ် ပါလီမန်မှ နုတ်ထွက်
DVB
·
January 2, 2025
အစ္စရေးကာကွယ်ရေးဝန်ကြီးဟောင်း ဂါလန့်ထ် ပါလီမန်မှ နုတ်ထွက်
Donate to DVB

အစ္စရေးကာကွယ်ရေးဝန်ကြီးဟောင်း ယိုအာ့ဗ် ဂါလန့်ထ်က သူဟာ ပါလီမန်မှ နုတ်ထွက်ကြောင်း ဇန်နဝါရီ ၁ ရက်မှာ ပြောကြားလိုက်ပြီး ကာကွယ်ရေးဝန်ကြီးဟောင်းတယောက် အနေနဲ့ စစ်ပွဲ မဖြစ်ပွားခင် လပိုင်းလောက်မှာ ရာထူးစတင်ချိန်ကစပြီး စစ်ပွဲစတင်ခဲ့ပြီးလို့ တနှစ်ကျော်ကြာတဲ့အချိန် ရာထူးပြီးဆုံးတဲ့အထိ ဖြစ်ပျက်ခဲ့သမျှ အားလုံးကို တာဝန်ယူပါတယ် လို့လည်း ရုပ်မြင်သံကြား ထုတ်လွှင့်ချက်တခုမှာ ပြောကြားခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးဟောင်း ဂါလန့်ထ်က “ဒါဟာ စစ်မြေပြင်မှာ ရှိနေသလိုပဲ ပြည်သူ့အကျိုး ထမ်းဆောင်တာပဲ ဖြစ်ကြောင်း၊ လိုအပ်တဲ့ပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့အတွက် ဦးတည်ချက်တခုကို ရပ်တန့်ပြီးတော့ အကဲဖြတ်၊ ရွေးချယ်ရမယ့် အခိုက်အတန့်တွေ ရှိပါတယ်” လို့ ပြောခဲ့တာပါ။

အစ္စရေးနိုင်ငံကတော့ သူ့ဘဝရဲ့ တာဝန်တခု ဖြစ်နေဆဲပါလို့လည်း ပြောသွားပါတယ်။ ဂါလန့်ထ်ဟာ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနဲ့ သူ့ရဲ့ လက်ယာစွန်း နိုင်ငံရေးမဟာမိတ်တွေနဲ့ ဆန့်ကျင်နေတဲ့ အမှီအခိုကင်းတဲ့ လမ်းကြောင်းကို ရပ်တည်ခဲ့တာပါ။

ဂါဇာမှာ ဟားမတ်စ်တွေကို ဆင်နွှဲနေတဲ့ စစ်ပွဲအရေးမှာ လအတန်ကြာ သဘောထားကွဲလွဲမှုတွေ ဖြစ်ပွားခဲ့ပြီးနောက်မှာ နေတန်ယာဟုက ဂါလန့်ထ်ကို နိုဝင်ဘာလမှာ ရာထူးကနေ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။

ဂါလန့်ထ်ဟာ အထိအခိုက်မခံတဲ့ ကိစ္စတခုဖြစ်တဲ့ အတင်းကျပ်ဆုံး ဂျူးဘာသာရေးဝါဒီ အာလ်ထရာ-သြသဒေါက်စ် တွေကို စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့် အပါအဝင် ကိစ္စအတော်များများမှာ နေတန်ယာဟုနဲ့ သူ့ရဲ့ လက်ယာစွန်း ညွန့်ပေါင်းမဟာမိတ်တွေ၊ ဘာသာရေးပါတီတွေနဲ့ မကြာခဏ သဘောထားကွဲလွဲခဲ့ဖူးပါတယ်။

၂၀၂၃ ခုနှစ် မတ်လမှာ နေတန်ယာဟုဟာ တရားရုံးချုပ်ရဲ့ ဩဇာအာဏာကို လျှော့ချဖြတ်တောက်ပစ်ဖို့ အကြိတ်အနယ် ယှဉ်ပြိုင်နေတဲ့ အစိုးရကို ရပ်တန့်ဖို့ တိုက်တွန်းပြီးနောက်မှာ အဲဒီအချိန်က ကာကွယ်ရေးဝန်ကြီး ဂါလန့်ထ်ကို ပထမဆုံးအကြိမ် ရာထူးဖြုတ်ချခဲ့ပါတယ်။

အဲဒီထုတ်ပယ်မှုကြောင့် လူထုဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပြီး နေတန်ယာဟုက နောက်ပြန်ဆုတ်ခဲ့ပါတယ်။

နိုင်ငံတကာ ရာဇ၀တ်တရားရုံး (အိုင်စီစီ) ဟာ ဂါဇာပဋိပက္ခမှာ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် ဂါလန့်ထ်နဲ့ နေတန်ယာဟု အပြင် ဟားမတ်စ်ခေါင်းဆောင်တယောက် တို့ကိုလည်း ဖမ်းဝရမ်း ထုတ်ထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013