DVB Logo
Home
နိုင်ငံတကာ
ရွေးကောက်ပွဲကျင်းပမည့် နည်းလမ်းများကို ပါလီမန်နှင့် ဆွေးနွေးခဲ့ဟု ဇလန်းစကီး ပြော
DVB
·
December 11, 2025
ရွေးကောက်ပွဲကျင်းပမည့် နည်းလမ်းများကို ပါလီမန်နှင့် ဆွေးနွေးခဲ့ဟု ဇလန်းစကီး ပြော
Donate to DVB

အမေရိကန် အပါအဝင် တခြားနိုင်ငံတွေက ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဖိအားမပေးဖို့၊ ရွေးကောက်ပွဲကျင်းပမဲ့ နည်းလမ်းတွေကို ပါလီမန်နဲ့ ဆွေးနွေးခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ယူကရိန်းနိုင်ငံဟာ ရွေးကောက်ပွဲမလုပ်တာ အချိန်ကြာပြီ ဖြစ်ကြောင်း ဒီဇင်ဘာ ၁၀ ရက်မှာ ပြောကြားခဲ့ပြီးနောက် ဇလန်းစကီးက အခုလို ပြန်လည် တုံ့ပြန်ခဲ့တာပါ။

ထရမ့်ပ်က ယူကရိန်းနိုင်ငံကို တိုက်ရိုက် ငွေကြေး အသုံးပြုမှာမဟုတ်ဘဲ NATO အဖွဲ့ဝင်တွေက လက်နက်ဝယ်ပြီး ယူကရိန်းကို ထောက်ပံ့မဲ့ပုံစံကို ကျင့်သုံးမဲ့အကြောင်းလည်း ပြောပါတယ်။

“ရွေးကောက်ပွဲ မလုပ်သေးဘူးလား ဆိုပြီး အမေရိကန်က အကြိမ်ကြိမ် ပြောထားပါတယ်။ စစ်အုပ်ချုပ်ရေးအောက်မှာ ရွေးကောက်ပွဲလုပ်ဖို့ သူတို့က ပြောနေတာပါ။ မေးခွန်းတိုင်းနဲ့ သံသယဖြစ်စရာတိုင်းအတွက် နိုင်ငံသားတွေကို တရားဝင် အဖြေတွေ ပေးရမှာပါ။ ဒါက မလွယ်ကူပါဘူး။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဖိအားပေးမှုက ကျနော်တို့ လိုအပ်တဲ့ အရာတွေ မဟုတ်ပါဘူး။ ယူကရိန်း ပြန်လည်ထူထောင်ခြင်းနဲ့ ပတ်သက်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး အပါအဝင် တခြား ထိပ်တန်းအရာရှိတွေနဲ့ ဆွေးနွေးမှုပြုလုပ်ခဲ့တယ်” လို့ ဇလန်းစကီးက ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013