DVB Logo
Home
မြန်မာသတင်း
Spring Moon စက်ရုံလုပ်သားများနှင့် အလုပ်ရှင် သဘောတူညီမှုရရှိ 
DVB
·
August 12, 2026
Photo: STUM
Photo: STUM
Donate to DVB

လုပ်ခတိုးမြင့်ပေးဖို့ တောင်းဆိုခဲ့​​ကြတဲ့ Spring Moon စက်ရုံမှာ အလုပ်ရှင်နဲ့ အလုပ်သမားအကြား  သြဂုတ် ၁၁ ရက်က ပြေလည်မှုရရှိသွားပြီး နှစ်ဖက် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM) က ထုတ်ပြန်ပါတယ်။

အဲဒီစက်ရုံအလုပ်သမားတွေက ဇူလိုင် ၁၈ ရက်ကတည်းက တောင်းဆိုခဲ့ကြတာဖြစ်ပြီး ရက်ပေါင်း ၃၀ ကျော် ကြာမြင့်ခဲ့ကာ အခုနောက်ဆုံး တောင်းဆိုချက် ၄ ချက်ကို သဘောတူညီမှုရရှိခဲ့တာပါ။

STUM တာဝန်ရှိသူတယောက်က “ရက်ပေါင်း ၃၀ ကျော်ကြာမြင့်တဲ့ တောင်းဆိုမှုပြဿနာမှာ အေးချမ်းစွာ ပြီးဆုံးသွားခဲ့ပြီ"လို့ ပြောပါတယ်။

အလုပ်သမားတွေ တောင်းဆိုတဲ့ Day ကြေး ကျပ် ၁၀,၀၀၀ အစား ကျပ် ၁၃,၀၀၀ ၊ အချိန်ပို (OT) ကြေး ကျပ် ၂,၀၀၀ အစား အချိန်ပို ၂၈ နာရီအထိ ကျပ် ၂,၂၀၀၊ ၂၈ နာရီ ကျော်ရင် ကျော်တဲ့နာရီတွေအတွက် ကျပ်  ၂,၃၀၀  နှုန်းပေးဖို့ သဘောတူခဲ့ပါတယ်။

ဒါ့အပြင် စက်လိုင်းစံချိန်ပြည့်ကြေး အထည်စံချိန်ပြည့်မီရင် တလ ကျပ် ၁၅,၀၀၀ နှုန်းပေးဖို့ တခြားဌာန စံချိန်ပြည့်ကြေး: Finishing QC၊ မီးပူရိုက်နဲ့  ကြယ်သီးရိုက် အလုပ်သမား​တွေအတွက် စံချိန်ပြည့်မီရင် တလ ကျပ် ၆,၀၀၀  နှုန်းပေးဖို့လည်း သဘောတူခဲ့ပါတယ်။

အလုပ်သမားတွေရဲ့ တောင်းဆိုမှုနဲ့ပတ်သက်လို့ သြဂုတ် ၁၁ ရက်မှာ တိုင်းဒေသကြီးပေါင်းစပ်အဖွဲ့က ဝင်ရောက်ညှိနိူင်းပေးခဲ့တာကနေ အလုပ်ရှင်နဲ့ အလုပ်သမားအကြား သဘောတူညီမှု ရရှိခဲ့တာလို့ STUM က အသိပေးထားပါတယ်။

တရုတ်နိုင်ငံသား ပိုင်ဆိုင်တဲ့ Spring Moon စက်ရုံကို လှိုင်င်သာယာမြို့နယ်မှာ ဖွင့်လှစ်ထားတာ ဖြစ်ပြီး အလုပ်သမားအယောက် ၂၈၀ လောက်ရှိတဲ့ထဲက အယောက် ၁၃၀ ကျော်က လစာတိုးမြှင့် ရရှိအောင် လုပ်ငန်းခွင်ရပ်နား တောင်းဆိုခဲ့ကြတာပါ။

အခု နှစ်ဖက်သဘောတူညီချက် စာချုပ်မှာ ၂၀၂၆ ဩဂုတ် ၁ ရက်ကစပြီး အကျိုးသက်ရောက်မှာ ဖြစ်ကာ တောင်းဆိုတဲ့အထဲ ပါဝင်တဲ့ အလုပ်သမား ၁၃၃ ယောက်စလုံး ဩဂုတ် ၁၂ ရက်မှာ လုပ်ငန်းခွင်ထဲ ပုံမှန်ပြန်လည်ဝင်ရောက်လုပ်ကိုင်ကြမှာလို့ သိရပါတယ်။

ဒါ့အပြင် သဘောတူထားတဲ့ အချက်​တွေနဲ့ပတ်သက်ပြီး ထပ်မံတောင်းဆိုတာ မပြုလုပ်ဖို့ အလုပ်သမားတွေဘက်က သဘောတူ လက်ခံခဲ့ကြတယ်လို့လည်း STUM က ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013