
နိုင်ငံရဲ့ ကျော်ကြားတဲ့ ပနားမားတူးမြောင်း ပိုင်ဆိုင်မှုကို ပိုပြီး အလေးထားဖို့ ပနားမားသမ္မတ မူလီနိုက ပြောပါတယ်။
ပနားမားတူးမြောင်း လွှဲပြောင်းပေးအပ်ခြင်းဟာ ဒီဇင်ဘာ ၃၁ ရက်မှာ ၂၅ နှစ်ပြည့်ခဲ့ပြီး ဒီအခမ်းအနားမှာ မူလီနိုက ပြောခဲ့တာပါ။
ဒီဇင်ဘာ ၂၂ ရက်တုန်းက ပနားမားတူးမြောင်းကို အမေရိကန်က ပြန်လည်ရယူဖို့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က ခြိမ်းခြောက်ခဲ့တာဖြစ်ပါတယ်။
ပနားမားတူးမြောင်းကို အမေရိကန်တွေက ၁၀ စုနှစ်များစွာ အုပ်ချုပ်ခဲ့ပြီး ပြန်လည်ရယူမယ်လို့ သတင်းထွက်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်သင်္ဘောတွေ ဖြတ်သန်းချိန်မှာ အခွန်ကောက်ခံမှု များပြားတယ်ဆိုတာလည်း မူလီနိုက ငြင်းဆိုထားပါတယ်။
ဒီဇင်ဘာ ၂၅ ရက်က Truth လူမူကွန်ရက်မှာ ထရမ့်ပ်က ပနားမားတူးမြောင်းမှာ တရုတ်စစ်သားတွေ တရားမဝင် တာဝန်ထမ်းဆောင်နေတယ်လို့ စွပ်စွဲထားတာကိုလည်း မူလီနိုက အဓိပ္ပာယ်မရှိကြောင်း ငြင်းထားပါတယ်။
“ပနားမားတူးမြောင်းကို ဘယ်သူ့ကိုမှ လွှဲပေးမှာ မဟုတ်ပါဘူး။ ဒီတူးမြောင်းဟာ ကျနော်တို့ရဲ့ လက်ထဲမှာပဲ အမြဲတမ်းရှိမယ်ဆိုတာ အာမခံပါတယ်” လို့ မူလီနိုက ပြောကြားခဲ့ပါတယ်။
ပနားမားတူးမြောင်းဟာ သမုဒ္ဒရာထွက်ပေါက် တူးမြောင်းတခုဖြစ်ပြီး အမေရိကန်ဆီက ပြန်လည် လွှဲပြောင်းပေးမှု ၂၅ နှစ်ပြည့်ပြီလည်း ဖြစ်ပါတယ်။
ပနားမားတူးမြောင်းစာချုပ်ကို ၁၉၇၇ ခုနှစ်က အမေရိကန်သမ္မတ ဂျင်မီကာတာက ချုပ်ဆိုခဲ့တာဖြစ်ပြီး ၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ ပြန်လည်လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။
Source : Reuters










