DVB Logo
Home
နိုင်ငံတကာ
နိုင်ငံရေးတွင် ဝင်မစွက်ရန် အီလွန်မတ်စ်ခ်ကို ဂျာမနီအဓိပတိ သတိပေး
DVB
·
January 1, 2025
နိုင်ငံရေးတွင် ဝင်မစွက်ရန် အီလွန်မတ်စ်ခ်ကို ဂျာမနီအဓိပတိ သတိပေး
Donate to DVB

အမေရိကန်ဘီလီယံနာ အီလွန်မတ်စ်ခ်ကို နိုင်ငံရေးမှာ ဝင်ပြီး မစွက်ဖက်ဖို့ ဂျာမနီအဓိပတိ အိုလာ့ဖ်ရှို့လ်ဇ်က နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်သွင်းပြောကြားပြီး သတိပေးလိုက်ပါတယ်။

အီလွန်မတ်စ်ခ်ဟာ AFD ကို ထောက်ခံသူဖြစ်ပြီး မက်ဂါဒါဘာ့ဂ်မြို့ တိုက်ခိုက်ခံရမှုမှာ ရှို့လ်ဇ် နုတ်ထွက်သင့်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။

ရှို့လ်ဇ် ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့ ပြိုလဲခဲ့ပြီးနောက် ဂျာမနီနိုင်ငံဟာ လာမယ့် ဖေဖော်ဝါရီ ၂၃ ရက်မှာ လွှတ်တော်ရွေးကောက်ပွဲ ပြန်ကျင်းပမှာ ဖြစ်ပါတယ်။

ရှို့လ်ဇ်က ဂျာမနီရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးမှာက ဆိုရှယ်မီဒီယာတွေ ပိုင်ဆိုင်တဲ့သူ မဟုတ်ပါဘူးလို့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပြီး အီလွန်မတ်စ်ခ်ကို ရည်ညွှန်းပြောကြား ခဲ့ပါတယ်။

မာဂါဒါဘာ့ဂ်မှာ ဒီဇင်ဘာ ၂၀ ရက်က ကားနဲ့ဝင်တိုက်ခဲ့မှုကြောင့် ၅ ယောက် သေဆုံးပြီး လူ ၂၀၀ ဒဏ်ရာရခဲ့ပါတယ်။

အဲဒီအဖြစ်အပျက်ဖြစ်ပြီးတဲ့နောက် လူဝင်မှုကြီးကြပ်ရေးနဲ့ ပတ်သက်ပြီး ကန့်သတ်ဖို့နဲ့ ပြည်နှင်ဒဏ်ပေးမှုတွေ ပြုလုပ်ဖို့ကို ဆွေးနွေးငြင်းခုန်မှုတွေ များပြားလာပါတယ်။

အီလွန်မတ်စ်ခ်ဟာ ဥရောပကို အားနည်းအောင် စနစ်တကျပြုလုပ်နေတဲ့ ဂျာမနီရဲ့ လက်ယာစွန်း AFD ကို ထောက်ခံတယ်လို့ ဂျာမနီ စီးပွားရေးဝန်ကြီးနဲ့ လက်ထောက်အဓိပတိဖြစ်သူ ရောဘတ်ဟာဘတ်ကလည်း သူ့ရဲ့  နှစ်သစ်မိန့်ခွန်းမှာ ပြောပါတယ်။

ဟာဘတ်ဟာ လာမယ့် ဖေဖော်ဝါရီ ရွေးကောက်ပွဲမှာ ဂရင်းပါတီရဲ့ အဓိပတိ ကိုယ်စားလှယ်လောင်းလည်း ဖြစ်ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ခ်ဟာ အမေရိကန်မဲဆွယ်ပွဲမှာ ထရမ့်ပ်အတွက် ဒေါ်လာ သန်း ၂၅၀ ကျော် အသုံးပြုခဲ့သူဖြစ်ပါတယ်။

ထရမ့်ပ်ရဲ့ အထူးအကြံပေးအဖြစ် ဆောင်ရွက်မယ့် အီလွန်မတ်စ်ခ်ဟာ ဖက်ဒရယ်ဘတ်ဂျက် သုံးစွဲမှုကို ဖြတ်တောက်မှာ ဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013