DVB Logo
Home
နိုင်ငံတကာ
မက်ဒရစ်တွင်ကျင်းပသည့် ရိုးရာခွေးကျောင်းပွဲတွင် လူနှင့်ခွေး ရာချီဆင်နွှဲ
DVB
·
December 31, 2024
မက်ဒရစ်တွင်ကျင်းပသည့် ရိုးရာခွေးကျောင်းပွဲတွင် လူနှင့်ခွေး ရာချီဆင်နွှဲ
Donate to DVB

စပိန်နိုင်ငံ၊ မြို့တော်မက်ဒရစ်က ရာနဲ့ချီတဲ့ ခွေးတွေနဲ့ ခွေးပိုင်ရှင်တွေဟာ ဒီဇင်ဘာ ၃၀ ရက်မှာ ဆန်ပရက်စထရီလို့ ခေါ်တဲ့ ရိုးရာခွေးကျောင်းပွဲမှာ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

ဒီနှစ်မှာတော့ စပိန်ရဲ့ တတိယအကြီးဆုံးမြို့ ဗလန်စီယာမှာ အဆိုးရွားဆုံးရေကြီးမှုကြောင့် ထိခိုက်ခဲ့တဲ့ တိရစ္ဆာန်စောင့်ရှောက်ရေး ဂေဟာတွေအတွက် ရန်ပုံငွေပွဲအဖြစ်ပါ ကျင်းပခဲ့တာဖြစ်ပါတယ်။

တိရစ္ဆာန်ကာကွယ်ရေးအဖွဲ့ El Refugio က တိရစ္ဆာန်ညှည်းပန်းနှိပ်စက်မှု၊ စွန့်ပစ်မှု ဆန့်ကျင်ရေး လှုံ့ဆော်တဲ့အနေနဲ့ ဒီပွဲကို ဦးစီးကျင်းပတာဖြစ်ပါတယ်။

ရိုးရာအစဉ်အလာအတိုင်း ကျင်းပနေကျ လူအပြေးပြိုင်ပွဲ San Silvestre နဲ့ ဆင်တူ ခွေးပြိုင်ပွဲ၊ ခွေးကျောင်းပွဲကို ကျင်းပတာဖြစ်ပါတယ်။

အလှဆင်ထားတဲ့ ခွေးကလေးတွေ၊ ဆန်တာနဲ့ အခြား ပွဲတော်ဝတ်စုံ အမျိုးမျိုးဝတ်ဆင်ထားတဲ့ သခင်တွေဟာ စပိန်မြို့တော်က ပူအာတာဒယ်လ်ဆိုး ရင်ပြင်နဲ့ အခြားအထိမ်းအမှတ်နေရာတွေမှာ ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013