DVB Logo
Home
မြန်မာသတင်း
ကျပ်သန်း ၁၄,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ပဲခူးတွင် ဖမ်းမိ
DVB
·
December 28, 2024
ကျပ်သန်း ၁၄,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ပဲခူးတွင် ဖမ်းမိ
Donate to DVB

ပဲခူးမြို့မှာ ငွေကျပ် သန်း ၁၄,၀၀၀ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေ ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီဩဇာခံ မူးယစ်ဆေးထိန်းချုပ်ရေးဗဟိုအဖွဲ့က ဒီဇင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့ဟာ ဒီဇင်ဘာ ၂၀ ရက်နေ့က ပဲခူးမြို့၊ ဗိုလ်အောင်ကျော်လမ်းမှာ ကျော်ဆန်းဦး မောင်းနှင်ပြီး မလွမ်းယန်း လိုက်ပါလာသည့် TOYOTA DYNA မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာမှာ ယာဉ်ပေါ်မှာ သံတိုသံစတွေနဲ့ ဖုံးအုပ် တင်ဆောင်လာတဲ့ သံသေတ္တာတွေထဲက ဒေသကာလတန်ဖိုးငွေကျပ် သန်း ၁၄,၀၀၀ ကျော်(၁၄ ဒသမ ၁၁၅၄ ဘီလီယံ) တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၅၂ ဒသမ ၃ သိန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၁၇၀ ကီလိုနဲ့ Happy Water ၂ ဒသမ ၆၇ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးဖော်ထုတ်ချက်အရ အဲဒီနေ့ စိတ်ပြောင်းဆေးဝါးတွေ သယ်ဆောင်ခိုင်းသူတွေဖြစ်တဲ့ နိုင်နိုင်ဝင်း(ခ)ရှက်ဖီးနဲ့ တင်ထွန်းနိုင် တို့အကို ပဲခူးမြို့၊ ဗိုလ်အောင်ကျော်လမ်းက ဟိုတယ်ကနေ ညနေ ၆ နာရီမှာ ဆက်လက်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ ဖမ်းဆီးရမိတဲ့ စိတ်ပြောင်းဆေးဝါးတွေကို ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့ကနေ ပဲခူးမြို့ကို သယ်ဆောင်ပြီး အဲဒီကတဆင့် ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့ဆီ သယ်ဆောင် ရောင်းဝယ်တယ်လို့သိရပြီး သူတို့ကို အရေးယူထားသလို ကွင်းဆက် ပြစ်မှုကျူးလွန်သူတွေကိုလည်း ဆက်လက်စစ်ဆေးဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013