DVB Logo
Home
နိုင်ငံတကာ
ဩစတြေးလျ ရွက်လှေပြိုင်ပွဲ၌ ပြိုင်ပွဲဝင် ၂  ဦး ရွက်တိုင်တန်းနှင့် ရိုက်မိပြီး သေဆုံး
DVB
·
December 27, 2024
ဩစတြေးလျ ရွက်လှေပြိုင်ပွဲ၌ ပြိုင်ပွဲဝင် ၂  ဦး ရွက်တိုင်တန်းနှင့် ရိုက်မိပြီး သေဆုံး
Donate to DVB

ဩစတြေးလျနိုင်ငံမှာ ကျင်းပတဲ့ ဆစ်ဒနီမှ ဟိုဘာ့ထ်အထိ ရွက်လှေပြိုင်ပွဲမှာ ပြိုင်ပွဲဝင် သင်္ဘောသား ၂ ယောက် ရွက်တိုင်နဲ့ရိုက်မိပြီး သေဆုံးခဲ့ကြောင်း ပွဲစီစဉ်သူတွေနဲ့ ဒေသအာဏာပိုင်တွေက ဒီဇင်ဘာ ၂၇ ရက်မှာ ပြောကြားလိုက်ပါတယ်။

ဒီမတော်တဆဖြစ်ရပ်ဟာ ၁၉၉၈ ခုနှစ်ကတည်းက ဂုဏ်သိက္ခာရှိတဲ့ သမုဒ္ဒရာကူးပြိုင်ပွဲမှာ ပထမဆုံး အသက်ဆုံးရှုံးရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

အာတိတ် ငါးပျံလို့ အမည်ပေးထားတဲ့ ရွက်လှေနဲ့ ဘိုးလင်းန် အမည်ရှိ ရွက်လှေတို့မှ ပြိုင်ပွဲဝင် သင်္ဘောသား ၂ ယောက်စလုံးဟာ သူတို့လှေတွေရှိ ရွက်တိုင်ရဲ့ အောက်ခြေထောင့်မှ အလျားလိုက် တိုင်ရှည်နဲ့ တိုက်မိခဲ့ပြီးနောက်မှာ သေဆုံးသွားခဲ့ကြောင်း ပြိုင်ပွဲစီစဉ်သူတွေက သူတို့ရဲ့၀က်ဘ်ဆိုက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီတိုင်ဟာ လေရဲ့ ဦးတည်ရာအလိုက် ရွက်လွှင့်ခြင်းနဲ့ ရွေ့လျားမှုတွေကို ထိန်းပေးထားတဲ့ တိုင်လည်း ဖြစ်ပါတယ်။

ဒီရွက်လှေပြိုင်ပွဲဝင်နေတဲ့ သင်္ဘောသား ၁,၀၀၀ လောက် ရေပေါ်မှာရှိနေပြီး အဲဒီထဲက ၂ ယောက်ဟာ သူတို့ရဲ့ သီးခြားလှေ ၂ စင်းပေါ်မှာ တပုံစံတည်း အဖြစ်ဆိုးကြုံရတာ ဝမ်းနည်းစရာ ကောင်းပါတယ်လို့ ဩစတြေးလျ ဇိမ်ခံရွက်လှေကလပ် ဒုဥက္ကဋ္ဌ ဒေးဗစ် ဂျက်ကော့ဘ်စ်က ပြောပါတယ်။

ကလပ်အနေနဲ့ ဖြစ်ပျက်ခဲ့တာကို အတိအကျသိရဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီးတော့ ဒီလိုမဖြစ်အောင် ကြိုးစားပြီ အကောင်အထည် ဖော်သွားမယ်လို့လည်း ဆိုပါတယ်။

ခန့်မှန်းချက်ကတော့ လေပြင်းတိုက်ခတ်မှုနဲ့အတူ အားပြင်းလေထန်မှုကြောင့်လို့ ထင်မြင်ကြောင်းလည်း ရွက်ကလပ် ဒုဥက္ကဋ္ဌက ပြောသွားပါတယ်။

နယူးဆောက်သ်ဝေးလ်စ် ရဲတပ်ဖွဲ့ကတော့ ဆစ်ဒနီမှ ဟိုးဘာ့ထ် ပြိုင်ပွဲဝင်တယောက်ဟာ ရွက်တိုင်တန်းနဲ့ ထိခိုက်မိကြောင်း ညသန်းခေါင်မတိုင်ခင်လေးမှာ သူတို့ဆီကို အကြောင်းကြားလာခဲ့ကြောင်း ပြောပါတယ်။

သင်္ဘောသားအချင်းချင်း ရှေးဦးသူနာပြု နှလုံးနှိုးနည်း CPR လုပ်ခဲ့ပေမဲ့ သင်္ဘောသားက သတိ ပြန်မလည်လာတော့ဘူးလို့ ဆိုပါတယ်။

နာရီအနည်းငယ်အကြာမှာပဲ တခြားရေယာဉ်ပေါ်ရှိ သင်္ဘောသားတယောက်လည်း အလားတူပဲ ရွက်တိုင်တန်းနဲ့ ထိခိုက်မိပြီး သေဆုံးသွားကြောင်း သတင်းရရှိခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013