DVB Logo
Home
နိုင်ငံတကာ
တနှစ်အတွင်း ပင်လယ်ဖြတ်သန်းပြီး စပိန်ကို ရွှေ့ပြောင်းအခြေချသူ ၁၀,၀၀၀ ကျော် သေဆုံး
DVB
·
December 27, 2024
တနှစ်အတွင်း ပင်လယ်ဖြတ်သန်းပြီး စပိန်ကို ရွှေ့ပြောင်းအခြေချသူ ၁၀,၀၀၀ ကျော် သေဆုံး
Donate to DVB

ပင်လယ်ကိုဖြတ်ပြီး စပိန်ကိုလာရောက်ဖို့ ကြိုးစားတဲ့ ရွှေ့ပြောင်းအခြေချသူ ၁၀,၀၀၀ ကျော် ဒီနှစ်အတွင်း သေဆုံးခဲ့တယ်လို့ စပိန် လူဝင်မှုကြီးကြပ်ရေးက ပြောပါတယ်။

ရွှေ့ပြောင်းအခြေချသူတွေဟာ ၂၀၀၇ ခုနှစ်ကတည်းက စပိန်နိုင်ငံကို ပင်လယ်ရေကြောင်းကတဆင့် စွန့်စားလာရောက်ကြတာပါ။

လှေတွေနဲ့ ပင်လယ်ကိုဖြတ်လာဖို့ ကြိုးစားချိန် ဒီနှစ်အတွင်း ၁ ရက်ကို လူ ၃၀ လောက် ပျမ်းမျှသေဆုံးတယ်လို့လည်း NGO အဖွဲ့ဖြစ်တဲ့ ကာမီနန်ဒို ဖရွန်တီရတ်စ်က ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်ကနဲ့ယှဉ်ရင် ၅၈ ရာခိုင်နှုန်း တိုးလာတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီရွှေ့ပြောင်းအခြေချသူတွေဟာ အာဖရိကအနောက်ပိုင်းကဖြစ်ပြီး စပိန်နိုင်ငံ ကာနာရီကျွန်းကို လှေတွေနဲ့ လာရောက်တာ ဖြစ်ပါတယ်။

သူတို့ဟာ ကမ္ဘာ့အန္တရာယ်အများဆုံး လမ်းကြောင်းဖြစ်တဲ့ အတ္တလန်တစ်လမ်းကြောင်းကနေ စပိန်နိုင်ငံကို လာရောက်တာကြောင့် အခုလို သေဆုံးမှုနှုန်း မြင့်တက်ခဲ့တာပါ။ ဒီဇင်ဘာ ၁၅ ရက်နေ့အထိ စာရင်းအရ ရွှေ့ပြောင်း ၁၀,၄၅၇ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ရွှေ့ပြောင်းအခြေချသူတွေစာရင်းကို အဖွဲ့အစည်းတွေက စုဆောင်းရာမှာ ကလေး ၁,၅၃၈ ယောက် အမျိုးသမီး ၄၂၁ ယောက်တို့ ပါဝင်ပါတယ်။ ဒီရေကြောင်းခရီးဟာ ဧပြီနဲ့ မေလမှာ သေဆုံးမှုနှုန်း မြင့်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မခိုင်ခံ့တဲ့ လှေတွေကို အသုံးပြုပြီး အန္တရာယ်များတဲ့ ရေလမ်းခရီးသွားလာတာက သေဆုံးမှုနှုန်း တိုးမြင့်စေတာပါ။ စပိန်နိုင်ငံကို လာရောက်တဲ့နိုင်ငံ ၂၈ နိုင်ငံရှိပြီး အာဖရိကတိုက်က အများဆုံးဖြစ်ကာ အီရတ်နဲ့ ပါကစ္စတန်တို့ကလည်း ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတော့ စက်လှေ ၇ စင်း စပိန်နိုင်ငံကို ရောက်ခဲ့ပြီး စပိန်ရေတပ်က ကယ်ဆယ်ထားတယ်လို့ ဆိုရှယ်မီဒီယာ X မှာ ဖော်ပြပါတယ်။

စပိန်နိုင်ငံကတော့ လူမှောင်ခိုကူးမှုနဲ့ လှေတွေနဲ့ လာရောက်မှုကို တားဆီးဖို့ ဒေါ်လာ ၂၁၈ သန်း အသုံးပြုမယ်လို့ ဖေဖော်ဝါရီလက ကတိပြုထားပါတယ်။

ဥရောပနိုင်ငံတွေအနက် စပိန်၊ ဂရိနဲ့ အီတလီနိုင်ငံတို့ဟာ ရွှေ့ပြောင်းအခြေချသူတွေ လာရောက်လေ့ရှိတဲ့ နိုင်ငံတွေဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013