
မြန်မာနိုင်ငံတဝန်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထိန်းချုပ်ထားနိုင်တဲ့ မြို့ပေါင်း ဒီဇင်ဘာ ၂၃ ရက်အထိ ၉၁ မြို့ အထိရှိလာပြီဖြစ်တယ်လို့ DVB Data အဖွဲ့ရဲ့ မှတ်တမ်းအရ သိရပါတယ်။
ရခိုင်ပြည်နယ်၊ အမ်းမြို့ကို အာရက္ခတပ်တော် (AA) က ဒီဇင်ဘာ ၂၀ ရက်မှာ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ဒီဇင်ဘာ ၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေမှာတော့ ချင်းညီနောင်နဲ့ ပူပေါင်းတပ်တွေက မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့တွေကို ဆက်တိုက်ဆိုသလို သိမ်းယူနိုင်ခဲ့ပါတယ်။
ဒါကြောင့် ဒီဇင်ဘာ ၂၃ ရက်အထိ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထိန်းချုပ်ထားနိုင်တဲ့ မြို့ပေါင်း ၉၁ မြို့ အထိရှိလာပြီ ဖြစ်ပါတယ်။











