DVB Logo
Home
နိုင်ငံတကာ
ဂရင်းလန်ကျွန်းကို အမေရိကန် ပိုင်ဆိုင်သင့်ဟု ထရမ့်ပ်ပြော
DVB
·
December 24, 2024
ဂရင်းလန်ကျွန်းကို အမေရိကန် ပိုင်ဆိုင်သင့်ဟု ထရမ့်ပ်ပြော
Donate to DVB

ပနားမားတူးမြောင်းကို ပြန်သိမ်းရမယ်လို့ ပြောပြီး မကြာခင်မှာပဲ ဒေါ်နယ်ထရမ့်ပ်ဟာ ဂရင်းလန်ကျွန်းကိုလည်း အမေရိကန် ပိုင်ဆိုင်သင့်တယ်လို့ ထပ်မံပြောဆိုခဲ့ပါတယ်။

အာတိတ်ဒေသကျွန်းကြီးဖြစ်တဲ့ ဂရင်းလန်ဟာ ဒိန်းမတ်နိုင်ငံပိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်ပါတယ်။

ဂရင်းလန်ဒေသ ဝန်ကြီးချုပ်က ဂရင်းလန်ကို ဂရင်းလန်ပြည်သူတွေပဲ ပိုင်တယ်၊ ရောင်းရန်မဟုတ်သလို ရောင်းဖို့လည်း မရှိဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

ဂရင်းလန်ကျွန်းမှာ အမေရိကန် အာကာသစခန်းကြီးတခုလည်း ရှိသလို ဒီကျွန်းကြီးဟာ အမေရိကန်ကနေ ဥရောပကိုသွားတဲ့ အတိုဆုံးလမ်းကြောင်းပေါ်မှာ တည်ရှိပါတယ်။ ဒါကြောင့် မဟာဗျူဟာအရ အရေးပါတဲ့နေရာ ဖြစ်ပါတယ်။

“အမျိုးသားလုံခြုံရေးနဲ့ တကမ္ဘာလုံးရဲ့ လွတ်လပ်မှုအတွက် အမေရိကန်ပြည်ထောင်စုဟာ ဂရင်းလန်ကျွန်းကို ပိုင်ဆိုင်ထိန်းချုပ်ဖို့ လုံးဝလိုအပ်တယ်” လို့ ထရမ့်ပ်က သူပိုင်လူမှုကွန်ရက် Truth Social  မှာ ရေးသားခဲ့ပါတယ်။

ထရမ့်ပ်ဟာ ပထမသက်တမ်းအတွင်း ၂၀၁၉ တုန်းကလည်း ကမ္ဘာ့အကြီးဆုံးကျွန်းဖြစ်တဲ့ ဂရင်းလန်ကို အမေရိကန်က ဝယ်သင့်တယ်လို့ ပြောခဲ့ဖူးပြီး အဲဒီတုန်းကလည်း ဝေဖန်ခံခဲ့ရဖူးပါတယ်။

အဲဒီတုန်းက ဒိန်းမတ်ဝန်ကြီးချုပ် မက်တ် ဖရက်ဒရစ်ဆင်က ဒီအယူအဆဟာ အဓိပ္ပာယ်မရှိဘူးလို့ ဝေဖန်ခဲ့ပြီး ထရမ့်ပ်ကလည်း ဒိန်းမတ်ကိုလာမယ့် ခရီးစဉ်ကို ဖျက်သိမ်းပစ်ခဲ့ပါတယ်။ လက်ရှိမှာလည်း ဖရက်ဒရစ်ဆင်က ဒိန်းမတ်ဝန်ကြီးချုပ်တာဝန် ဆက်ယူထားဆဲ ဖြစ်ပါတယ်။

ဂရင်းလန်ကျွန်းကို ဝယ်ဖို့ အဆိုပြုချက်ကို ၁၈၆၀ ပြည့်လွန်နှစ်တွေတည်းက သမ္မတ အင်ဒရူးဂျွန်ဆင်က အဆိုပြုခဲ့ဖူးပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013