DVB Logo
Home
နိုင်ငံတကာ
ဟေတီတွင် စုန်းဟု စွပ်စွဲသတ်ဖြတ်ခံရသူ ၂၀၀ ကျော်ရှိဟု ကုလအတည်ပြု
DVB
·
December 24, 2024
ဟေတီတွင် စုန်းဟု စွပ်စွဲသတ်ဖြတ်ခံရသူ ၂၀၀ ကျော်ရှိဟု ကုလအတည်ပြု
Donate to DVB

ဟေတီနိုင်ငံမှာ ဂျရမီဆိပ်ကမ်းဂိုဏ်းဝင်တွေက သက်ကြီးရွယ်အိုအများစု အပါအဝင် လူအမြောက်အမြားကို စုန်းဆိုပြီးတော့ စွပ်စွဲသတ်ဖြတ်ခဲ့မှုမှာ သေဆုံးသူအရေအတွက်ဟာ အနည်းဆုံး ၂၀၇ ယောက်ရှိတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဆိပ်ကမ်းဘေးက ဆီတာဆိုလာရပ်ကွက်မှာ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာ ၁၈၇ ယောက်ထက်မနည်း သေဆုံးတယ်လို့ မူလခန့်မှန်းထားတာထက် ပိုမိုများပြားခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်မှာ အနည်းဆုံး အမျိုးသား ၁၃၄ ယောက်နဲ့ အမျိုးသမီး ၇၃ ယောက်ဟာ တပတ်မပြည့်မီ ကာလအတွင်း အစုလိုက်အပြုံလိုက် ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

သေဆုံးသူအများစုဟာ စုန်းလို့ စွပ်စွဲခံရတဲ့ သက်ကြီးရွယ်အိုတွေဖြစ်ပြီး ဂျရမီဆိပ်ကမ်းဂိုဏ်းဝင် ၃၀၀ ကျော်က ကျူးလွန်ခဲ့တာဖြစ်ပါတယ်။

ဂိုဏ်းခေါင်းဆောင် မိုနဲလ် မီကာနို ဖီးလစ်က သူ့ကလေး နေမကောင်းတာ ဗူဒူးမှော်နဲ့ အတိုက်ခံရတာလို့ စွပ်စွဲပြီးတော့ ဒေသခံတွေကို သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

အသတ်ခံရသူအများစုဟာ ဗူဒူးဘုရားကျောင်းတွေ၊ ဘာသာရေးအခမ်းအနားတွေကနေ အဓမ္မ ဖမ်းခေါ်ခံရသူတွေ ဖြစ်ပါတယ်။

လူဆိုးဂိုဏ်းတွေကြီးစိုးနေတဲ့ ကာရေဘီယံကျွန်းနိုင်ငံငယ်လေး ဟေတီမှာ  အခုသတ်ဖြတ်မှုကြီးဟာ တုန်လှုပ်စရာ ဖြစ်ခဲ့ရပါတယ်။

မီကာနိုရဲ့ဂိုဏ်းဟာ သေးငယ်ပေမဲ့ အဓိကဆိပ်ကမ်းတွေကြားက မဟာဗျူဟာကျတဲ့ ကုန်လှောင်ရုံတွေ၊ အမြန်လမ်းမကြီးတွေ ပတ်လည်ဝန်းရံထားတဲ့ နေရာကို ထိန်းသိမ်းထားနိုင်တာ ဖြစ်ပါတယ်။

သတ်ဖြတ်မှုအပြီးမှာ ဂိုဏ်းဝင်တွေဟာ ဖုန်းတွေသိမ်းဆည်းတာ၊ အလောင်းတွေ မီးရှို့တာ၊ မြစ်ထဲ ပြစ်ချတာတွေ လုပ်ပြီး ဖျောက်ဖျက်ဖို့ ကြိုးစားခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013