DVB Logo
Home
မြန်မာသတင်း
စစ်ဌာနချုပ် ၂ ခုကို သိမ်းနိုင်ခြင်းမှာ စစ်တပ် အဆုံးသတ်တော့မည်ကို ပြသခြင်းဟု ယာယီသမ္မတပြော
DVB
·
December 22, 2024
စစ်ဌာနချုပ် ၂ ခုကို သိမ်းနိုင်ခြင်းမှာ စစ်တပ် အဆုံးသတ်တော့မည်ကို ပြသခြင်းဟု ယာယီသမ္မတပြော
Donate to DVB

၁ နှစ်တာအတွင်း စစ်တပ်ရဲ့ တိုင်းစစ်ဌာနချုပ်ကြီး ၂ ခုကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ချေမှုန်းနိုင်လိုက်တာဟာ သမိုင်းဝင်အောင်ပွဲတွေဖြစ်ပြီး အကြမ်းဖက်စစ်တပ်ရဲ့ အဆုံးသတ်နေဝင်ချိန် မကြာခင် ရောက်ရှိလာတော့မယ်ဆိုတာကို ပြသတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

အာရက္ခတပ်တော် (AA)က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) ကို အပြီးသတ်သိမ်းပိုက်နိုင်တဲ့ အောင်ပွဲအတွက် ပေးပို့တဲ့ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာမှာ ဖော်ပြပြောဆိုတာဖြစ်ပြီး  အာရက္ခတပ်တော် ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုနဲ့အတူ ရဲဘော်ရဲဘက်တွေရဲ့ ရဲစွမ်းသတ္တိ အပြည့်နဲ့ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်တာကြောင့် နပခကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိတယ်လို့ ဆိုပါတယ်။

အခုအောင်ပွဲဟာ အရက္ခပြည်သူတွေရဲ့ အောင်ပွဲဖြစ်တာသာကမ စစ်အာဏာရှင် စစ်ကောင်စီ ဆန့်ကျင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တော်လှန်တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူတရပ်လုံးနဲ့ နိုင်ငံတဝန်းက တော်လှန်ရေးအင်အားစုတွေအားလုံးရဲ့အောင်ပွဲဖြစ်ပြီး တော်လှန်ရေးစိတ်ဓာတ်ခွန်အားကို အမြင့်မားဆုံးရောက်ရှိစေတဲ့ အောင်ပွဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

၂၀၂၄ ခုနှစ် ၁ နှစ်တာအတွင်း မြန်မာစစ်တပ်ရဲ့ တိုင်းစစ်ဌာနချုပ်ကြီး ၂ ခုကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ချေမှုန်းနိုင်လိုက်တဲ့ ဖြစ်ရပ်ဟာ သမိုင်းဝင်အောင်ပွဲတွေ ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ အဆုံးသတ်နေဝင်ချိန် မကြာခင် ရောက်ရှိလာတော့မယ် ဆိုတာကို ပြသလိုက်တာလို့လည်း အစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

အာရက္ခတပ်တော် ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုနဲ့အတူ ရခိုင်ပြည်နယ်တခုလုံး စစ်အာဏာရှင် လက်အောက်ကနေ မကြာခင် လွတ်မြောက်မယ်ဆိုတာကို အပြည့်အဝယုံကြည်ပြီး မြန်မာတပြည်လုံးနဲ့ ပြည်သူတရပ်လုံး လွတ်မြောက်ရေးအတွက် စစ်အာဏာရှင်စနစ်နဲ့ စစ်အုပ်စု အဆုံးသတ်ပြုတ်ကျရေး အတူတကွ လက်တွဲတိုက်ပွဲဝင်သွားမယ်လို့ သန္နိဋ္ဌာန်ပြုကြောင်းလည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

အခုလို အောင်ပွဲကြီးကြီးရဖို့ အာရက္ခတပ်တော်ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှု၊ ရဲဘော်ရဲဘက်တွေရဲ့ အသက်နဲ့ကိုယ်လက်ခန္ဓာ ပေးဆပ်စွန့်လွှတ် အနစ်နာခံမှု၊ အာရက္ခပြည်သူတွေရဲ့ ဆင်းရဲဒုက္ခအမျိုးမျိုးကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်မှု၊ စည်းလုံးညီညွတ်မှုတွေကို မှတ်တမ်းတင်ဂုဏ်ပြုပြီး အလေးအမြတ်ပြုတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013