DVB Logo
Home
အားကစား
ရလဒ်ကောင်းပြန်ရရန် နည်းလမ်းရှာရမည်ဟု နည်းပြဂွါဒီယိုလာ ပြော
DVB
·
December 22, 2024
ရလဒ်ကောင်းပြန်ရရန် နည်းလမ်းရှာရမည်ဟု နည်းပြဂွါဒီယိုလာ ပြော
Donate to DVB

ရလဒ်တွေပြန်လည်ကောင်းမွန်လာဖို့ နည်းလမ်းတခုရှာဖွေဖို့ လိုအပ်ကြောင်း မန်စီးတီးနည်းပြ ပတ်ဂွါဒီယိုလာက ပြောသွားပါတယ်။

မန်စီးတီးဟာ ပြီးခဲ့တဲ့တပတ်က မန်ယူအသင်းနဲ့ မန်ချက်စတာ ဒါဘီမှာရှုံးပွဲတွေ့ခဲ့သလို စနေနေ့က ကစားခဲ့တဲ့ ဗီလာနဲ့ပွဲမှာလည်း ၂ ဂိုး ၁ဂိုးနဲ့ ရှုံးပွဲထပ်တွေ့ခဲ့တာပါ။

နောက်ဆုံး ပရီးမီးယားလိဂ် ၈ ပွဲမှာ ၁ ပွဲသာအနိုင်ရခဲ့ပြီးနောက် ရလဒ်ကောင်းပြန်ရဖို့ နည်းလမ်းရှာ ဖွေသွားဖို့ လိုအပ်ကြောင်းနည်းပြဂွါဒီယိုလာက ပြောပါတယ်။

ဗဟိုခံစစ်မှာ ကြံ့ခိုင်မှုကောင်းမွန်တဲ့ ကစားသမားတယောက်ပဲရှိတာက ခက်ခဲစေကြောင်း၊ ရလဒ်ဆိုးတာတွေက အကြောင်းအရာတခုတည်း ကြောင့်မဟုတ်ဘဲ  အကောင်းဆုံးပုံစံကို အနှေးနဲ့ အမြန် ပြန်ရလိမ့်မယ်လို့  နည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013