
အင်တာမီလန်ကို ၂ ဂိုး - ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ အမ်ဘာပေနဲ့ ဗင်နီစီယက်စ်တို့ဟာ ပရိသတ်တွေရဲ့ လှောင်ပြောင်ခံခဲ့ရပါတယ်။
ရီးရဲလ်မက်ဒရစ်နည်းပြ မော်ရင်ညိုကတော့ အဆိုပါ ကစားသမား နှစ်ယောက်လုံးကို ကာကွယ် ပြောဆိုလိုက်ပါတယ်။
မော်ရင်ညိုက "သီးပွင့် သီးနေတဲ့ သစ်ပင်ကိုပဲ လူတွေက ကျောက်ခဲနဲ့ ပစ်လေ့ရှိတယ်" ဆိုတဲ့ ပေါ်တူဂီစကားပုံကို ကိုးကားခဲ့ပါတယ်။
ဒီကစားသမား နှစ်ယောက်ဟာ စွမ်းဆောင်ရည် ကောင်းမွန်လွန်းလို့ ဝေဖန်ခံရတာ ဖြစ်ကြောင်း လည်း သူက တုံ့ပြန်ခဲ့တာပါ။
အမ်ဘာပေဟာ ပွဲအတွင်း အစွမ်းကုန် ခံစစ်ဆင်း ကစားပေးခဲ့တယ်လို့လည်း မော်ရင်ညိုက ချီးကျူး ခဲ့ပါတယ်။
ဗီးနီးရှက်စ်ကလည်း အကောင်းဆုံး ခြေစွမ်းဆီ ပြန်ရောက်ဖို့ အလွန်နီးစပ်နေပြီဖြစ်ကြောင်း မော်ရင်ညိုက ဖြည့်စွက်ပြောဆိုသွားခဲ့ပါတယ်။
Photo: Reuters











