DVB Logo
Home
အားကစား
ရက်ရှ်ဖို့ဒ်ကို ခေါ်ယူရန် ဆော်ဒီကလပ် ၃ သင်း အပြိုင်ကမ်းလှမ်း
DVB
·
December 21, 2024
ရက်ရှ်ဖို့ဒ်ကို ခေါ်ယူရန် ဆော်ဒီကလပ် ၃ သင်း အပြိုင်ကမ်းလှမ်း
Donate to DVB

မန်ယူနိုက်တက်အသင်းမှာ အဆင်မပြေဖြစ်နေတဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို ဆော်ဒီကလပ် ၃ သင်းက အပြိုင်ကမ်းလှမ်းထားပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟာ အသင်းရဲ့ နောက်ဆုံး ၂ ပွဲဆက် ကစားသမားစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိဘဲ သူ့ရဲ့ကြိုးပမ်းအားထုတ်မှုနဲ့ စွမ်းဆောင်ရည်အပေါ် နည်းပြအာမိုရင်က ကျေနပ်မှု မရှိဘဲဖြစ်နေတာပါ။

ရက်ရှ်ဖို့ဒ်ကိုယ်တိုင်ကလည်း စိန်ခေါ်မှုအသစ်တွေအတွက် မန်ယူကနေ ထွက်ခွါနိုင်ကြောင်း လူသိရှင်ကြား ပြောထားတဲ့အပေါ်  နည်းပြအာမိုရင်က ဝေဖန်ထားတာပါ။

ဒီလိုအခြေအနေမှာ ဆော်ဒီကလပ်တွေဖြစ်တဲ့ အယ်လ်အာလီ၊ အယ်လ်အစ်တီဟတ်နဲ့ အယ်လ်ကတ်ဆာယာ အသင်းတွေက ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာခဲ့တာပါ။

မန်ယူအသင်း ဘက်ကလည်း  ရက်ရှ်ဖို့ဒ်ကို အငှားချသွားဖို့ စဉ်းစားနေတယ်လို့သိရပါတယ်။ 

Photo: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013