DVB Logo
Home
မြန်မာသတင်း
မိုးကုတ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်/သုံးစွဲသူ ၃၀၀ ကို TNLA ဖမ်းဆီးထိန်းသိမ်း
DVB
·
December 19, 2024
မိုးကုတ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်/သုံးစွဲသူ ၃၀၀ ကို TNLA ဖမ်းဆီးထိန်းသိမ်း
Donate to DVB

တအာင်းပြည် တပ်မဟာ ၂ နယ်မြေ၊ မိုးကုတ်မြို့နယ်မှာ PSLF/TNLA မိုးကုတ်တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က မူးယစ်ဆေးဝါးသုံးစွဲသူနဲ့ ရောင်းဝယ်သူ ၃၀၀ ဦးကို ဖမ်းဆီးထိန်းသိမ်းထားနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင်ကနေ ဒီဇင်ဘာ ၁၉ ရက်အထိ  ၆ လအတွင်း TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က မိုးကုတ်မြို့နယ်အတွင်း မူးယစ်ဆေးဝါးတားဆီးတိုက်ဖျက်ရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်ကာ မူးယစ်ဆေးဝါးသုံးစွဲသူနဲ့ ရောင်းဝယ်သူအများအပြား ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိတဲ့အထဲမှာ ညီနောင်မဟာမိတ်တို့ရဲ့ သတင်းအချက်အလက်တွေ ရယူပေးပို့ဖို့ စစ်ကောင်စီတပ်က မူးယစ်ဆေးဝါးပေးပြီး ရောင်းဝယ်သုံးစွဲခွင့်ပြုထားသူ အများအပြားပါဝင်နေတယ်လို့ သိရပါတယ်။

“ဒီလိုဖမ်းဆီးနိုင်ခဲ့တာက ကျနော်တို့ဘက်က စုံစမ်းမှုတွေလည်းပါတယ်၊ ပြည်သူလူထုရဲ့ သတင်းပေးမှုတွေလည်းပါဝင်ပါတယ်။ PSLF/TNLA ထိန်းချုပ်နယ်မြေတွေမှာ ပြည်သူလူထုလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတွေကို အစွမ်းကုန်တည်ဆောက်နေပါတယ်” လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သတင်းအရင်းမြစ်က ပြောပါတယ်။

အခုလို ဖမ်းဆီးရမိခဲ့သူတွေကို အကျင့်စာရိတ္တပြုပြင်ရေးကျောင်းကို ပို့ဆောင်ကာ ၆ လတိတိ အကျင့်စာရိတ္တပြုပြင်ပေးသွားမှာဖြစ်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကိုတော့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ TNLA က အသိပေးထားပါတယ်။

PSLF/TNLA ရဲ့ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့အနေနဲ့ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါး တားဆီးတိုက်ဖျက်ရေး၊ ပြည်သူ့လုံခြုံရေးဆိုတဲ့ လုပ်ငန်းစဥ် ၅ ရပ်နဲ့ ဆောင်ရွက်နေတာပါ။

ဒီဇင်ဘာ ၁၈ ရက်ကလည်း TNLA သိမ်းပိုက်ထားတဲ့ နမ့်ခမ်းမြို့အတွင်း TNLA ရဲ့ ရဲတပ်ဖွဲ့တွေ လုံခြုံရေးဆောင်ရွက်နေမှုတွေကို ဖော်ပြခဲ့ပါသေးတယ်။

TNLA သိမ်းပိုက်ထားတဲ့မြို့တွေမှာ အခုလို တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့အတွက် စစ်ကောင်စီအုပ်ချုပ်စဉ်က ဖြစ်ပေါ်ခဲ့တဲ့ မူးယစ်ဆေးဝါးအမှု၊ ပြန်ပေးဆွဲမှု၊ လူသတ်မှု၊ လုယက်မှုတွေ သိသိလျော့နည်းသွားတယ်လို့ ဒေသခံပြည်သူတွေထံကသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013