DVB Logo
Home
နိုင်ငံတကာ
ပြင်သစ်တွင် ဇနီးသည်ကို ဆေးခတ်မုဒိမ်းကျင့်ခိုင်းခဲ့သည့် ခင်ပွန်းသည် အပါအဝင် အမျိုးသား ၅၀ ကျော်ကို ထောင်ဒဏ်ချမှတ်
DVB
·
December 19, 2024
ပြင်သစ်တွင် ဇနီးသည်ကို ဆေးခတ်မုဒိမ်းကျင့်ခိုင်းခဲ့သည့် ခင်ပွန်းသည် အပါအဝင် အမျိုးသား ၅၀ ကျော်ကို ထောင်ဒဏ်ချမှတ်
Donate to DVB

ပြင်သစ်နိုင်ငံတဝန်းလုံးကို တုန်လှုပ်စေခဲ့တဲ့ အမျိုးသား ၅၁ ယောက်ပါ ဆေးခေတ် မုဒိမ်းကျင့်မှုကြီးနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၁၉ ရက်မှာ တရားသူကြီး ၅ ယောက်က စီရင်ချက်ချခဲ့ပါတယ်။

လက်ရှိမှာ အသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့ ကျူးလွန်ခံခဲ့ရတဲ့ အမျိုးသမီး ဂျီဇဲလ် ပယ်လီကို့ဟာ အမည်မဖော်ဘဲ နေခွင့်ကို စွန့်လွှတ်ပြီး အမှုဖြစ်စဉ်ကို ကမ္ဘာသိအောင် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ပြစ်ဒဏ်တွေကတော့ ၄ နှစ်ကနေ အနှစ် ၂၀ အထိ ကျူးလွန်မှု အတိုင်းအတာအပေါ် မူတည်ပြီး ချမှတ်ခဲ့တာဖြစ်ပြီး ခင်ပွန်းသည် ဒေါမနစ် ပယ်လို့ကို့ဟာ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရပါတယ်။

အနှစ် ၅၀ လောက် ပေါင်းသင်းလာတဲ့ ဒေါမနစ် ပယ်လီကို့ဟာ ဇနီးသည် ဂျီဇဲလ်ကို အကြိမ်ကြိမ်ဆေးခတ်ပြီး သူစိမ်းတွေနဲ့အတူ မုဒိမ်းကျင့်ခဲ့မှုအတွက် အပြစ်ရှိတယ်လို့ ဝန်ခံခဲ့ပါတယ်။

ဒေါမနစ်ဟာ ၂၀၁၁ ကစပြီး ၂၀၂၀ ပြည့်နှစ်အထိ သတိလစ် ဆေးမိနေတဲ့ ဇနီးသည်နဲ့ လိင်ဆက်ဆံဖို့ အွန်လိုင်းမှာ တွေ့ဆုံချိန်းဆိုထားတဲ့ သူစိမ်းအမျိုးသား ၇၁ ယောက်ထိ ခေါ်ယူခဲ့သလို ကျူးလွန်မှုတွေကိုလည်း ဗီဒီယိုရိုက်ကူး မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်ကို ဇနီးသည် ဂျီဇဲလ် ကိုယ်တိုင်လည်း မသိခဲ့ဘဲ အချိန်ကြာမြင့်စွာ အိပ်ပျော်တာ၊ တင်ပါးဆုံရိုး နာကျင်တာ အပါအဝင် ကျန်းမာရေးချို့ယွင်းတဲ့ လက္ခဏာတွေကို ခံစားနေခဲ့ရတယ်လို့ ဆိုပါတယ်။

ဒေါမနစ် ပယ်လီကို့က စူပါမားက်တခုမှာ အမျိုးသမီးတွေကို စကတ်အောက်ကနေ ဓာတ်ပုံခိုးရိုက်တဲ့ကိစ္စနဲ့ ရဲက ဖမ်းမိတဲ့အချိန်မှာမှ အခုဖြစ်စဉ်ကို ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရဲတွေဟာ ဒေါမနစ်ရဲ့ဖုန်းနဲ့ စက်ပစ္စည်းတွေထဲကနေ ပုံနဲ့ ဗီဒီယို သောင်းနဲ့ချီ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီမှတ်တမ်းတွေနဲ့ အခု ပိတ်လိုက်ရပြီဖြစ်တဲ့ Coco.fr ဝက်ဘ်ဆိုက်ကနေ ဆက်သွယ်ချိတ်ဆက်ခဲ့ကြတဲ့ ကျူးလွန်သူ ၅၀ ကို ရုံးတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ကျူးလွန်သူတွေဟာ အသက် ၂၇ နှစ်ကနေ ၇၄ နှစ်အထိ ပါဝင်ပြီး မီးသတ်သမား၊ ဂျာနယ်လစ်၊ အမျိုးသားသူနာပြု၊ အားကစားနည်းပြအထိ အစုံပါဝင်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013