DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေးမှတ်တမ်းများပြပွဲ ချင်းမိုင်တွင် ကျင်းပ 
DVB
·
December 18, 2024
တော်လှန်ရေးမှတ်တမ်းများပြပွဲ ချင်းမိုင်တွင် ကျင်းပ 
1 / 4
Donate to DVB

စစ်အာဏာရှင် လက်အောက်က မြန်မာပြည်သူလူထုရဲ့ ဖြစ်ရပ်တွေကို စုဆောင်း မှတ်တမ်းတင်နေတဲ့ “လေတံခွန်ပုံပြင်များ The Kite Tales Myanmar”  အစီအစဉ်ကနေ တော်လှန်ရေးမှတ်တမ်းများပြပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီဇင်ဘာ ၁၃ ရက်က ပြုလုပ်သွားပါတယ်။

တော်လှန်ရေးမှတ်တမ်းများ (Resistance Diaries) ပြပွဲမှာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့အချိန်ကစပြီး အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူတွေရဲ့ ဇာတ်လမ်းတွေကို ထုတ်ဖော် ပြသခဲ့ပါတယ်။

The Kite Tales Myanmar  တွဲဖက်တည်ထောင်သူ မသင်းလဲ့ဝင်းက “မလိုလားဘဲ မြန်မာနိုင်ငံကနေ ထွက်ပြေးခဲ့ရသူတွေ၊ ထွက်ပြေးခဲ့ရတဲ့ သတင်းထောက်တွေ၊ လေယာဉ်နဲ့ ထွက်ပြေးတဲ့ သူတွေ၊ တောခိုပြီး ထွက်ပြေးကြရတဲ့ သတင်းသမားတွေရဲ့ မှတ်တမ်းတွေ ရှိတယ်။ နေ့စဥ် အဖမ်းခံရနေရပေမဲ့လည်း အရေးကြီးတယ်လို့ ယူဆတာကြောင့် မိမိရဲ့ အလုပ်ကို ဆက်လုပ်နေကြဆဲဖြစ်တယ်။ ဒါကြောင့် သူတို့ရဲ့ ကိုယ်ပိုင် ဇာတ်လမ်းတွေကို မျှဝေခြင်းအားဖြင့် မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေထက်ပိုတဲ့ အကြောင်းအရာတွေကို လူတွေ ပိုမိုသိရှိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောပါတယ်။

ဒီပြပွဲက လက်ရာတွေကတော့ စာရေးသားခြင်းအနုပညာနဲ့ ပုံဖော်ဆွဲခြင်းအနုပညာတို့ ပေါင်းစပ်ပြီး ပြသထားတာပါ။

ပြသထားတဲ့ illustration ပန်းချီကားတွေရဲ့ အောက်မှာ QR code တွေပါဝင်ပြီး ဒီ QR code တွေကတဆင့် လေတံခွန်ပုံပြင်များရဲ့ အာဏာသိမ်းပြီးနောက် တော်လှန်ရေးမှတ်တမ်းများရဲ့ ဆောင်းပါးတွေကို ဖတ်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။

Illustrator တယောက်ဖြစ်တဲ့ ဂျေစီက “လာရောက်အားပေးတဲ့သူတွေ တော်တော်များများရှိတယ်ဆိုတော့ ကိုယ်လည်း ဂုဏ်ယူတာပေါ့နော်၊ ကိုယ်ဆွဲထားတဲ့ပုံကို ပေါ့နော်။ လာရောက်ကြည့်တဲ့ သူတွေပေါ့နော် မြန်မာပဲဖြစ်ဖြစ် မြန်မာ လူမျိုး မဟုတ်တာပဲဖြစ်ဖြစ်ဒီကိစ္စကို လျစ်လျူရှုထားလို့ မရဘူးပေါ့နော်။ အမြဲတန်း အခွင့်အရေး ရှိသလို ဆက်ပြီး speak out လုပ်ရမှာပေါ့နော်။ နိုင်ငံတကာအသိုက်အဝန်းကိုလည်း ဆွဲခေါ်လို့ ရအောင်ပေါ့လေနော်၊ အခုတလောလည်း ဒီသတင်းတွေဘာတွေလည်း အင်တာနေရှင်နယ် သတင်းမှာ မကြားတော့ဘူး။ ဒါပေမယ့် Kite Tales က စတိုရီတွေက နည်းနည်း  ပုဂ္ဂိုလ်ရေးဆန်တာပေါ့။ ဆိုတော့ ဒီစတိုရီတွေက different perspective ပေးမယ်လို့ ယုံကြည်တာပေါ့နော်၊ ဖတ်ရှုတဲ့သူတွေကိုပေါ့နော်”လို့ ပြောပါတယ်။

သတင်းထောက်တွေ ဖြစ်ကြတဲ့ မသင်းလဲ့ဝင်းနဲ့ Kelly Macnamara တို့က အသံတိတ်နေရတဲ့ သာမန်ပြည်သူတွေရဲ့ အသံတွေကို ထုတ်ဖော်ပေးတဲ့ လေတံခွန်ပုံပြင်များအစီအစဉ်ကို ၂၀၁၆ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်မှာတော့ သတင်းထောက်တွေနဲ့ illustrator တွေကို ငွေကြေးအကူအညီပေးနိုင်ဖို့ ရည်ရွယ်တဲ့ ရန်ပုံငွေအစီအစဉ်တခုကို စတင်ခဲ့ကြပါတယ်။ 

စောမင်းသိန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013