DVB Logo
Home
နိုင်ငံတကာ
အယုံအကြည်မရှိ မဲခွဲဆုံးဖြတ်မှုတွင် ဂျာမန်အဓိပတိ ရှုံးနိမ့်ပြီး အစိုးရအဖွဲ့ ဖျက်သိမ်းရမည်
DVB
·
December 17, 2024
အယုံအကြည်မရှိ မဲခွဲဆုံးဖြတ်မှုတွင် ဂျာမန်အဓိပတိ ရှုံးနိမ့်ပြီး အစိုးရအဖွဲ့ ဖျက်သိမ်းရမည်
Donate to DVB

ဂျာမနီနိုင်ငံရဲ့ ပါလီမန်လွှတ်တော်တွင်း အယုံအကြည်မရှိကြောင်း မဲခွဲဆုံးဖြတ်ရာမှာ ဝန်ကြီးချုပ် အိုလာ့ဖ်ရှို့လ်ဇ် ရှုံးနိမ့်ခဲ့တာကြောင့် သူ့အစိုးရကို ဖျက်သိမ်းရတော့မှာ ဖြစ်ပါတယ်။

အဲဒီမဲခွဲမှုအတွင်း ရှို့လ်ဇ်ကို ထောက်ခံသူ ၂၀၉ ယောက် ရှိခဲ့ရာမှာ သူ့ပါတီကသူတွေ အဓိကပါဝင်ပြီး ကန့်ကွက်မဲ ၃၉၄ မဲနဲ့ ကြားနေမဲ ၁၁၆ မဲရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

ဒါကြောင့် ဥရောပရဲ့ စီပွားရေးအင်အား အတောင့်တင်းဆုံးနိုင်ငံ ဂျာမနီမှာ အိမ်စောင့်အစိုးရ တရပ်က တာဝန်ယူသွားရဖို့ ရှိနေသလို ရွေးကောက်ပွဲကိုလည်း စောပြီးကျင်းပရဖို့ ဖြစ်လာခဲ့ပါတယ်။

လွန်ခဲ့တဲ့ နိုဝင်ဘာလက ပါတီသုံးခုနဲ့ ဖွဲ့စည်းထားတဲ့ ရှို့လ်ဇ်ရဲ့ ညွန့်ပေါင်းအစိုးရမှာ အကွဲအပြဲဖြစ်ခဲ့ပြီးနောက် လွှတ်တော်တွင်း အများစုထောက်ခံမှု မရှိတော့တဲ့အတွက် ဥပဒေနဲ့ ဘတ်ဂျက်တွေကို အတည်မပြုနိုင် ဖြစ်နေခဲ့တာပါ။

အခုလိုမျိုး မတိုးသာမဆုတ်သာ အခြေအနေကို ဖြေရှင်းနိုင်ဖို့အတွက် ရှို့လ်ဇ်က မဲခွဲဆုံးဖြတ်မှုပြုလုပ်ဖို့ သူကိုယ်တိုင် တောင်းဆိုခဲ့တဲ့အပြင် ရှုံးနိမ့်နိုင်တဲ့အကြောင်းပါ သိထားပြီးဖြစ်ပါတယ်။

အဲဒီနောက် ၂၀၂၅ စက်တင်ဘာလမှာ ကျင်းပဖို့ စီစဉ်ထားခဲ့တဲ့ ရွေးကောက်ပွဲကို ဖေဖော်ဝါရီလထဲမှာ ပြုလုပ်ဖို့ ဖြစ်လာခဲ့ပြီး နိုင်ငံရေးပါတီ ၇ ခုက ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။

ဒါပေမဲ့လည်း စစ်တမ်းတွေအရတော့ ခရစ်ယာန် ဒီမိုကရက်တစ် ယူနီယံ (CDU) ပါတီက အမတ်နေရာအများစု ရရှိနိုင်တယ်ဆိုပြီး ခန့်မှန်းထားသလို တခြားလက်ယာယိမ်း ပါတီတွေကိုလည်း ရလဒ်ကောင်းမွန်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

အခုလအစောပိုင်းတုန်းက ပြင်သစ်အစိုးရ ပြုတ်ကျခဲ့ပြီးနောက် ဂျာမနီမှာလည်း အလားတူ ဖြစ်ပွားခဲ့တဲ့အတွက် ဥရောပတိုက်ရဲ့ ခေါင်းဆောင်မှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွားလာစေခဲ့ပါတယ်။

ဂျာမန်သတင်းစာ Bild ကတာ့ ဒါဟာ နိုင်ငံရေးအရ မိမိကိုယ်ကို သေကြောင်းကြံတဲ့ “ကာမီကာ‌ဇေ” လုပ်ရပ် ဖြစ်တယ်ဆိုပြီး ဝေဖန်ခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013