
အမြင်ကွဲပြားမှုတွေရှိပေမဲ့ အမေရိကန်ဟာ NATO မဟာမိတ်အဖွဲ့ရဲ့ အဓိကအချက်အချာ ဖြစ်တယ်လို့ ဂျာမနီဝန်ကြီးချုပ် ဖရဒ်ဒရစ်ချ်မားဇ်က မေ ၃ ရက်မှာပြောရင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ တင်းမာမှုတွေကို လျှော့ချလိုက်ပါတယ်။
အမေရိကန်အစိုးရက ဂျာမနီနိုင်ငံကတပ်တွေ ရုပ်သိမ်းမယ်လို့ ကြေညာပြီးတဲ့နောက်မှာ ခုလို ပြောလိုက်တာပါ။
မားဇ်က “အမေရိကန်တွေဟာ ကျနော်တို့အတွက် အရေးကြီးတဲ့ မိတ်ဖက်တွေဖြစ်ပြီး မြောက်အတ္တလန္တိတ် မဟာမိတ်အဖွဲ့မှာ အရေးအကြီးဆုံးတွေဖြစ်တယ်လို့ ကျနော် ယုံကြည်နေဆဲပါ”လို့ တနင်္ဂနွေနေ့နှောင်းပိုင်းမှာ ရုပ်မြင်သံကြားက ထုတ်လွှင့်တဲ့ အင်တာဗျူး တခုမှာ အများပြည်သူပိုင် ရုပ်သံARD ကို ပြောပါတယ်။
အီရန်မှာ ထရမ့်ပ်ရဲ့ မဟာဗျူဟာနဲ့ ပတ်သက်ပြီး ခေါင်းဆောင် ၂ ယောက်ကြား အငြင်းပွားမှုနဲ့ ဂျာမနီမှာ အမေရိကန်တပ်တွေ ရှိနေတာကို လျှော့ချဖို့ အမေရိကန်ရဲ့ အစီအစဉ်တွေက သက်ဆိုင်မှုရှိမရှိ မေးမြန်းရာမှာ မားဇ်က ပြီးခဲ့တဲ့ ရက်နည်းနည်းအတွင်း သူတို့ ကြားခဲ့ရတဲ့ အရာအားလုံးက အသစ်အဆန်း မဟုတ်ပါဘူးလို့ ပြောပါတယ်။
နည်းနည်းတော့ ချဲ့ကားပြောဆိုထားပေမဲ့ အသစ်အဆန်းတော့မဟုတ်ဘူးလို့လည်း သူက ဆက်ပြောပါတယ်။
လာမဲ့အပတ် အစောပိုင်းမှာ အသက်ဝင်မဲ့ ဥရောပသမဂ္ဂ (EU) က ယာဉ်တွေအပေါ် ၂၅ ရာခိုင်နှုန်း အခွန်ကောက်ခံဖို့ ထရမ့်ပ်ရဲ့ ကြေညာချက်ကိုလည်း မားဇ်က မှတ်ချက်ပေးပါတယ်။
အမေရိကန်နဲ့ ပြီးခဲ့တဲ့ သြဂုတ်လက အကောက်ခွန် သဘောတူညီချက်တခု ချုပ်ဆိုဖို့ သဘောတူညီချက်ရခဲ့လို့ သူ စိတ်မရှည်ဖြစ်လာတယ်။
ဥရောပဘက်မှာ အခြေအနေအသစ်တွေ အဆက်မပြတ် တင်ပြနေလို့ လက်မှတ်မထိုးရသေးကြောင်းနဲ့ အခု အမြန်ဆုံး သဘောတူညီချက်တခုရဖို့ အရေးကြီးတယ်လို့လည်း မားဇ်က ပြောပါတယ်။
Source: Reuters










