DVB Logo
Home
နိုင်ငံတကာ
အာဖဂန်နစ္စတန်၏ နိုင်ငံရပ်ခြားပိုင်ဆိုင်မှုများကို ပြန်ပေးရန် တရုတ် တိုက်တွန်း
DVB
·
December 15, 2024
အာဖဂန်နစ္စတန်၏ နိုင်ငံရပ်ခြားပိုင်ဆိုင်မှုများကို ပြန်ပေးရန် တရုတ် တိုက်တွန်း
Donate to DVB

အာဖဂန်နစ္စတန် ပြည်သူတွေရဲ့ ကောင်းကျိုးချမ်းသာအတွက် နိုင်ငံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ပံ့ပိုးကူညီနိုင်ဖို့ အာဖဂန်နစ္စတန်ရဲ့ နိုင်ငံရပ်ခြား ပိုင်ဆိုင်မှုတွေကို ချက်ချင်း ခြွင်းချက်မရှိ အသုံးပြုခွင့် တားဆီးထိန်းချုပ်ထားတာတွေကို ဖယ်ရှားပေးပြီး အပြည့်အဝ ပြန်ပေးအပ်ဖို့ သက်ဆိုင်ရာနိုင်ငံတွေကို ကုလဆိုင်ရာ တရုတ်သံတမန် ကန်းရွှောင်းက သောကြာနေ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ တောင်းဆိုလိုက်ပါတယ်။

သောကြာနေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးမှာ ဆုံးဖြတ်ချက်အမှတ် ၂၇၆၃ (၂၀၂၄) ကို တညီတညွတ်တည်း အတည်ပြုခဲ့တာဖြစ်ပြီး အဲဒီဆုံးဖြတ်ချက်ဟာ အာဖဂန်နစ္စတန်ရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ တာလီဘန်တွေနဲ့ ဆက်နွှယ်နေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို စောင့်ကြည့်နေတဲ့အဖွဲ့ရဲ့ လုပ်ပိုင်ခွင့်က ၁၄ လ သက်တမ်းတိုးခဲ့တာ ဖြစ်ပါတယ်။ 

ဒီဆုံးဖြတ်ချက်ဟာ အာဖဂန်နစ္စတန်နိုင်ငံတွေရဲ့ စီးပွားရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့၊ သူ့ရဲ့ဘဏ်လုပ်ငန်းနဲ့ ဘဏ္ဍာရေးစနစ်ကို ပြန်လည်ထူထောင်ဖို့နဲ့ အာဖဂန် ပြည်သူတွေရဲ့ အကျိုးအတွက် အာဖဂန်ဗဟိုဘဏ်ရဲ့ ပိုင်ဆိုင်မှုတွေကို အသုံးချဖို့ လိုအပ်ကြောင်း ထပ်လောင်း အတည်ပြုထားပါတယ်လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံရဲ့ အမြဲတမ်း ကိုယ်စားလှယ် ကန်းရွှောင်းက ပြောပါတယ်။ 

အာဖဂန်နစ္စတန်ရဲ့ နိုင်ငံရပ်ခြားပိုင်ဆိုင်မှုတွေကို အပြည့်အ၀ ပြန်ပေးရေး၊ အာဖဂန်နစ္စတန်အပေါ် တရားမ၀င် တဖက်သတ် ပိတ်ဆို့မှုတွေ ချမှတ်ထားခြင်းကို ရပ်တန့်ဖို့နဲ့ အာဖဂန်နစ္စတန် ပြည်သူတွေရဲ့ စားဝတ်နေရေး မြှင့်တင်ဖို့ ကြိုးပမ်းမှုတွေကို ထောက်ခံပါတယ်လို့လည်း ဆိုပါတယ်။ 

ဒီဆုံးဖြတ်ချက်ဟာ ၁၉၈၈ ခုနှစ်က အစိုးရကို ဒဏ်ခတ်ပိတ်ဆို့မှု လုပ်ထားတာကို ပြန်လည်သုံးသပ်ဖို့ လိုအပ်တာကို အတည်ပြုပါကြောင်းနဲ့ လုံခြုံရေးကောင်စီရဲ့ ပိတ်ဆို့အရေးယူမှုဟာ အာဖဂန်နစ္စတန်ရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို မြှင့်တင်ဖို့ အထောက်အကူဖြစ်သင့်ကြောင်းလည်း တရုတ်သံတမန်က အလေးပေးပြောကြားခဲ့ပါတယ်။

အခြေအနေ ဖွံ့ဖြိုးတိုးတက်မှုနဲ့အညီ အစိုးရ ဒဏ်ခတ်ပိတ်ဆို့မှုကိုလည်း အချိန်နဲ့တပြေးညီ ပြောင်းလဲသင့်ကြောင်း ကန်းရွှောင်းက တောင်းဆိုခဲ့ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013