အသင်းဘုတ်အဖွဲ့ကို ပြန်လည်ဝေဖန်တဲ့ နောက်ခံလူရိုမဲရိုးရဲ့ ပြုမူပြောဆိုပုံမှားယွင်းကြောင်း စပါး နည်းပြ ပို့စ်တီကိုဂလူက ပြောသွားပါတယ်။
အာဂျင်တီးနားနောက်ခံလူဟာ စပါးအသင်းရဲ့ ဦးဆောင် သူတွေထဲကတယောက် ဖြစ်ပေမဲ့ ရလဒ်ဆိုးရွားလာချိန်မှာ အသင်းအပေါ် ရင်းနှီးမြှပ်နှံမှုမရှိဘူးဆိုပြီး အသင်းဥက္ကဋ္ဌလီဗိုင်းနဲ့ ဘုတ်အဖွဲ့အပေါ် ပြစ်တင်ဝေဖန်ခဲ့တာပါ။
ရိုမဲရိုးအနေနဲ့ အသင်းကို ကူညီနိုင်မှုမရှိချိန်မှာ စိတ်ခံစားချက်အရ ပြောဆိုမိတာဖြစ်ပြီး သူ့ရဲ့ပြောဆိုပုံမှားယွင်းခဲ့ကြောင်း၊ရိုမဲရိုး ကိုယ်တိုင်လည်းအသင်းကို တောင်းပန်ခဲ့ပြီးဖြစ်ကြောင်း စပါးနည်းပြက ပြောပါတယ်။
စပါးအသင်းဟာ ပရီးမီးယားလိဂ် ၁၅ ပွဲကစားပြီးချိန်မှာ ၇ ပွဲအထိရှုံးနိမ့်ထားလို့ အဆင့် ၁၁ နေရာရောက်ရှိနေတာ ဖြစ်ပါတယ်။ Photo: Reuters
အသင်းဘုတ်အဖွဲ့ကိုပြန်လည်ဝေဖန်သည့် ရိုမဲရိုး မှားယွင်းကြောင်း စပါးနည်းပြသုံးသပ်
DVB
အသင်းဘုတ်အဖွဲ့ကို ပြန်လည်ဝေဖန်တဲ့ နောက်ခံလူရိုမဲရိုးရဲ့ ပြုမူပြောဆိုပုံမှားယွင်းကြောင်း စပါး နည်းပြ ပို့စ်တီကိုဂလူက ပြောသွားပါတယ်။
အာဂျင်တီးနားနောက်ခံလူဟာ စပါးအသင်းရဲ့ ဦးဆောင် သူတွေထဲကတယောက် ဖြစ်ပေမဲ့ ရလဒ်ဆိုးရွားလာချိန်မှာ အသင်းအပေါ် ရင်းနှီးမြှပ်နှံမှုမရှိဘူးဆိုပြီး အသင်းဥက္ကဋ္ဌလီဗိုင်းနဲ့ ဘုတ်အဖွဲ့အပေါ် ပြစ်တင်ဝေဖန်ခဲ့တာပါ။
ရိုမဲရိုးအနေနဲ့ အသင်းကို ကူညီနိုင်မှုမရှိချိန်မှာ စိတ်ခံစားချက်အရ ပြောဆိုမိတာဖြစ်ပြီး သူ့ရဲ့ပြောဆိုပုံမှားယွင်းခဲ့ကြောင်း၊ရိုမဲရိုး ကိုယ်တိုင်လည်းအသင်းကို တောင်းပန်ခဲ့ပြီးဖြစ်ကြောင်း စပါးနည်းပြက ပြောပါတယ်။
စပါးအသင်းဟာ ပရီးမီးယားလိဂ် ၁၅ ပွဲကစားပြီးချိန်မှာ ၇ ပွဲအထိရှုံးနိမ့်ထားလို့ အဆင့် ၁၁ နေရာရောက်ရှိနေတာ ဖြစ်ပါတယ်။
Photo: Reuters