အက်သလက်တီကိုမက်ဒရစ်အသင်းဟာ တော်တင်ဟမ်ဟော့စပါး နောက်ခံလူ ခရစ္စတီယန် ရိုမဲရိုးကို ပြောင်းရွှေ့ကြေး ပေါင် ၃၄ ဒသမ ၂ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပြီလို့ အားကစားသတင်းတွေက ဖော်ပြပါတယ်။
ဒီအပြောင်းအရွှေ့မှာ အပိုဆုကြေးတွေနဲ့ နောက်တကြိမ် ပြောင်းရွှေ့ရင် ၁၅ ရာခိုင်နှုန်း ပေးရမဲ့ အချက်တွေ ပါဝင်ပါတယ်။
အာဆင်နယ်နဲ့ အင်တာမီလန်တို့ကလည်း စိတ်ဝင်စားနေပေမဲ့ ရိုမဲရိုးကတော့ အက်သလက်တီကိုကိုသာ ပြောင်းရွှေ့ချင်ခဲ့တာပါ။
အသက် ၂၈ နှစ်အရွယ် ရိုမဲရိုးဟာ ပြီးခဲ့တဲ့ရာသီက စပါးအသင်း တန်းဆင်းဇုန်တိုက်ပွဲမှာ နှစ်ကြိမ် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသလို ဒူးဒဏ်ရာကြောင့်လည်း ရာသီကုန်ပွဲစဉ်တွေကို လွဲချော်ခဲ့ပါတယ်။
စပါးအသင်းဟာ ခံစစ်မှူးသစ်တွေဖြစ်တဲ့ ဗန်ဟက်ခ်နဲ့ ဆီနက်ဆီ တို့ကို ခေါ်ယူပြီးနောက်မှာ ရိုမဲရိုးကို ရောင်းချဖို့ ပြင်ဆင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။











