DVB Logo
Home
နိုင်ငံတကာ
ဂါဇာကမ်းမြောင် အပစ်အခတ်ရပ်စဲရေး အမေရိကန်နှင့် အစ္စရေး ဆွေးနွေး
DVB
·
December 13, 2024
ဂါဇာကမ်းမြောင် အပစ်အခတ်ရပ်စဲရေး အမေရိကန်နှင့် အစ္စရေး ဆွေးနွေး
Donate to DVB

အစ္စရေးနဲ့ ပါလက်စတိုင်းတို့ဟာ ဂါဇာကမ်းမြောင်ဒေသမှာ တိုက်ပွဲတွေရပ်တန့်ဖို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့နဲ့ အစ္စရေးကို ဓားစာခံ အယောက် ၁၀၀ ထက်မနည်း ပြန်ပေးဖို့ ကြိုးပမ်းမှုအသစ်တွေကို ထုတ်ဖော် ကြေညာခဲ့တာ ကြောင့် အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ် ဆူလဗန်နဲ့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုတို့ဟာ ဒီဇင်ဘာ ၁၂ ရက်က ဂျေရုဆလင်မှာ တွေ့ဆုံခဲ့ပါတယ်။ 

ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေ ပြန်လွှတ်ပေးရေး သဘောတူညီချက်နဲ့ ပတ်သက်လို့ အစ္စရေးက အဆင်သင့်ဖြစ်နေပြီလို့ အချက်ပြခဲ့ပြီး ဟားမတ်စ်အဖွဲ့ရဲ့ လှုပ်ရှားမှုကိုလည်း မြင်တွေ့နေရတာကြောင့် အပစ်ရပ်ရေးနဲ့ ဓားစာခံ လွတ်မြောက်ရေးတို့ဟာ နီးစပ်နေပြီလို့ ယုံကြည်ကြောင်း ဆူလဗန်က  ပြောကြားခဲ့ပါတယ်။ 

“မဖြစ်လာနိုင်ဘူး ဆိုပေမဲ့ နှစ်ဖက်စလုံးက နိုင်ငံရေးဆန္ဒအရ ဖြစ်လာနိုင်တယ်လို့ ယုံကြည်ပါတယ်” လို့ ဆူလဗန်က နေတန်ယာဟုနဲ့ တွေ့ဆုံအပြီးမှာ ပြောသွားပါတယ်။

အစ္စရေး သဘောတူညီချက်တရပ်ကို ပါလက်စတိုင်း စစ်သွေးကြွ ဟားမတ်စ်အဖွဲ့နဲ့ အကောင်အထည် ဖော်နေပေမဲ့ လက်တစ်ဆုပ်စာမျှသော ဓားစာခံတွေ လွတ်မြောက်ရေးနဲ့ ရန်လိုမှုတွေကို ခဏတာ ရပ်ဆိုင်းပေးခြင်း အပါအဝင် အတိုင်းအတာ အကန့်အသတ် ရှိနေတာ ဖြစ်ပါတယ်။

ဟားမတ်စ် တဖွဲ့တည်းကသာ လက်ခံပေးထားတဲ့ ဇူလိုင် ၂ ရက်က အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်နဲ့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို နေတန်ယာဟုနဲ့ သူ့အစိုးရအဖွဲ့တို့ကို လက်ခံစေဖို့က ဘယ်အမေရိကန်အရာရှိမဆို စစ်မှန်တဲ့ဖိအားကို သုံးမှရမယ်လို့ ဟားမတ်စ် အကြီးတန်း အရာရှိ ဘာဆမ် နာအီးမ် က ပြောပါတယ်။ 

ဒီအပစ်အခတ်ရပ်စဲရေးဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ စစ်ပွဲစတင်ကတည်းက ဒုတိယမြောက် ဖြစ်လာလိမ့်မှာ ဖြစ်ပြီးတော့ အစ္စရေးက ချုပ်နှောင်ထားတဲ့ ပါလက်စတိုင်း အကျဉ်းသားတွေကို လွှတ်ပေးဖို့လည်း အထောက်အကူ ဖြစ်စေမယ်လို့ ရိုက်တာစ်သတင်းမှာ ရေးသားထားပါတယ်။

ဘိုင်ဒန်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ် ဆူလဗန်ဟာ  အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု နဲ့ တွေ့ဆုံဆွေးနွေးနေတဲ့ ဒီဇင်ဘာ ၁၂ ရက်က တဲလ်အဗစ်ဗ် မြို့တော်ရှိ အမေရိကန် ကောင်စစ်ဝန်ရုံး အနီးမှာ ဆန္ဒပြသူတွေ စုဝေးခဲ့ကြပြီး အစ္စရေးဓားစာခံတွေ ပြန်ရောက်လာရေးအတွက် အာမခံချက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013