DVB Logo
Home
နိုင်ငံတကာ
သြစတြေးလျဓာတ်ခွဲခန်းမှ သေစေနိုင်သည့် ဗိုင်းရပ်စ်ပိုးပါ ပြွန် ၃၀၀ ကျော် ပျောက်ဆုံးမှု ပညာရှင်များ စိုးရိမ်
DVB
·
December 13, 2024
သြစတြေးလျဓာတ်ခွဲခန်းမှ သေစေနိုင်သည့် ဗိုင်းရပ်စ်ပိုးပါ ပြွန် ၃၀၀ ကျော် ပျောက်ဆုံးမှု ပညာရှင်များ စိုးရိမ်
Donate to DVB

သြစတြေးလျဓာတ်ခွဲခန်းကနေ ဗိုင်းရပ်စ်ပိုးတွေပါတဲ့ ဓာတ်ခွဲခန်းသုံးပြွန် ၃၀၀ ကျော် ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး ထင်ရှားတဲ့ ထိုင်းအာရုံကြောပညာရှင် ဒေါက်တာ သီရာဗတ် ​ဟေမချုဒါက စိုးရိမ်ပူပန်နေပါတယ်။

ဟန်ဒရာဗိုင်းရပ်စ်၊ လစ်စာဗိုင်းရပ်စ်နဲ့ ဟန်တာဗိုင်းရပ်စ် အပါအဝင် ပျောက်နေတဲ့ ဗိုင်းရပ်စ်တွေကို BSL-4 ရောဂါပိုးတွေအဖြစ် ခွဲခြားသတ်မှတ်ထားပြီး ဇီဝလုံခြုံမှု အမြင့်ဆုံးအဆင့်နဲ့ ထိန်းချုပ်ဖို့ လိုတဲ့ ဗိုင်းရပ်စ်တွေ ဖြစ်နေပါတယ်။

ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်တွေ ပျောက်ဆုံးခြင်းနဲ့ ဆက်စပ်နိုင်တဲ့ အလားအလာတွေကို ဒေါက်တာ သီရာဗတ်က သူ့ရဲ့ ဆိုရှယ်မီဒီယာ ပို့စ်မှာ မီးမောင်းထိုးပြထားပါတယ်။

ဒီဗိုင်းရပ်စ်တွေ မသမာသူတွေ လက်ထဲကျရောက်နိုင်ခြေ ဒါမှမဟုတ် အန္တရာယ်ရှိတဲ့ ရည်ရွယ်ချက်တွေအတွက် အသုံးချ ခံရနိုင်ခြေတွေ အတွက် စိုးရိမ်တယ်လို့ သူက ပြောပါတယ်။

ဒီအဖြစ်အပျက်ကို မော်လီကျူးဗိုင်းရပ်စ်ဗေဒ သုတေသီ အာနန် ဂျွန်ကယောင်း ဝတ္ထနာ အပါအဝင် တခြားကျွမ်းကျင်သူတွေက ဆွေးနွေးနေပါတယ်။

အာနန်ဟာ ခုတော့ သြစတြေးလျ ဓာတ်ခွဲခန်းရဲ့ လုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း ကျင့်ဝတ်တွေနဲ့ ပျောက်ဆုံးနေတဲ့ ဗိုင်းရပ်စ်တွေရဲ့ အလားအလာတွေကို မေးမြန်းခဲ့ပါတယ်။

ကျွမ်းကျင်သူ ၂ ယောက်စလုံးက ဒီကိစ္စနဲ့ ပတ်သက်ပြီး စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးဖို့ တောင်းဆိုထားပြီး ဖြစ်နိုင်ခြေရှိတဲ့ အန္တရာယ်တွေကို တားဆီးဖို့ အာဏာပိုင်တွေကို ချက်ချင်း အရေးယူဖို့ တိုက်တွန်းထားပါတယ်။

အထူးသဖြင့် လတ်တလော ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အကျပ်အတည်းတွေအတွင်း အန္တရာယ်ရှိတဲ့ ရောဂါပိုးတွေကို ကိုင်တွယ်သိမ်းဆည်းခြင်းနဲ့ သိုလှောင်ခြင်းတို့မှာ သတိထားဖို့ လိုတာကိုလည်း မီးမောင်းထိုးပြခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013