DVB Logo
Home
မြန်မာသတင်း
မင်းတပ်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးအလုံး ၈၀ နီးပါးကြဲချ
DVB
·
December 13, 2024
မင်းတပ်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးအလုံး ၈၀ နီးပါးကြဲချ
Donate to DVB

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၂ ရက် တရက်တည်းမှာ လေကြောင်းကနေ ဗုံးအလုံး ၈၀ နီးပါးကြဲချခဲ့တယ်လို့  ဒေသခံတော်လှန်ရေးအဖွဲ့တွေထံက သိရပါတယ်။

မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာ၀န်ရှိသူတယောက်က “မနက် ၈ နာရီလောက်ကနေ ၁၀ နာရီလောက်အထိ မင်းတပ်မြို့ပေါ်ကို တောက်လျှောက်ကြဲတာ။ မြို့ပေါ်ကိုဆက်သွယ်ဖို့ခက်ခဲနေတော့ အထိအခိုက်အပျက်အစီးတွေတော့ မသိရသေးဘူး” လို့ ပြောပါတယ်။

နိုဝင်ဘာ ၉ ရက်ကစလို့ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွက် ချင်းပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းတိုက်ခိုက်တာတွေနေ့စဥ် ပြုလုပ်နေပါတယ်။

CDF Mindat ရဲ့တာ၀န်ခံက “တိုက်ပွဲတွေကလည်း ပြင်းထန်နေတယ်။ လေကြောင်းတိုက်ခိုက်တာက အရင်ရက်တွေကထက်ပိုဆိုးတာပေါ့။ မကွေးဘက်ကတက်လာတဲ့ ဂျက်ဖိုက်တာ Y12 ဗုံးကြဲလေယာဉ်တွေနဲ့ တမနက်လုံးကြဲတာ။ ၁၂၀ မမ ဗုံးသီး ၁၀ လုံးတွဲ၊ ၇ လုံးတွဲ၊ ၅ လုံးတွဲတွေ၊ ပေါင် ၅၀၀ ဗုံးကလည်း ၄ လုံးလောက်ပါတယ်။ အားလုံးဆို ဗုံးအလုံး ၈၀ လောက်ရှိတယ်” လို့ DVB ကို ပြောပါတယ်။

မင်းတပ်မြို့ပေါ်မှာတပ်စွဲနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းကလည်း မင်းတပ်မြို့ ၃ မိုင်အနီးက လူနေအိမ်တွေကို ထပ်မံ မီးရှို့ဖျက်ဆီးသွားပါတယ်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလလယ်ပိုင်းကလည်း မင်းတပ်မြို့မှာ အခြေစိုက်တဲ့စစ်ကောင်စီတပ်ရဲ့ ခလရ ၂၇၄ အနီးမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို နိုဝင်ဘာ ၃ ရက် ညနေပိုင်းကလည်း မင်းတပ်မြို့ ဆည်မြောင်းဝန်ထမ်းအိမ်ယာကို မီးရှို့ဖျက်ဆီးခဲ့ ပါတယ်။

ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့တွေဟာ မင်းတပ်မြို့က စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေလို့ တိုက်ပွဲတွေပြင်းထန်နေတာလို့ CDF Mindat ရဲ့တာ၀န်ခံက ပြောပေမဲ့ တိုက်ပွဲရဲ့အသေးစိတ်အခြေအနေကိုတော့ မသိရ သေးပါဘူး။

နှစ်ဖက်တိုက်ပွဲတွေကြောင့် မင်းတပ်မြို့ပေါ်က ဒေသခံပြည်သူအများစုဟာ ဘေးလွတ်ရာနေရာတွေကိုထွက်ပြေးနေကြရတာ နှစ်ချီကြာမြင့်နေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013