DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)  ၂၅ နှစ်ပြည့်အခမ်းအနား ချင်းမိုင်တွင်ကျင်းပ (ဓာတ်ပုံ) 
DVB
·
December 11, 2024
အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)  ၂၅ နှစ်ပြည့်အခမ်းအနား ချင်းမိုင်တွင်ကျင်းပ (ဓာတ်ပုံ) 
1 / 12
Donate to DVB

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ ၂၅ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားတရပ်ကို ဒီဇင်ဘာလ ၉ ရက်က  ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ ကျင်းပပြီး နိုင်ငံရေးရပ်တည်ချက် ကြေညာစာတမ်း ထုတ်ပြန်ခဲ့ပါတယ်။

WLB ရဲ့ နိုင်ငံရေး ရပ်တည်ချက်သဘောထား အခြေခံမူတွေထဲမှာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်တဲ့အခါမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှု၊ ကျား-မ တန်းတူ ညီမျှမှုက အခြေခံမူနဲ့ ပါဝင်ရမယ်လို့ ပါဝင်သလို၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်တဲ့အခါ အောက်ခြေကနေတည်ဆောက်ဖို့၊ အထူးသဖြင့် ပြည်နယ်တွေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေ ရှိဖို့ စတဲ့ အချက်အလက်တွေ ပါဝင်ပါတယ်။

WLB ရဲ့ အထွေထွေအတွင်းရေးမှူး နာင်းမို့မို့ က  “ကျမတို့ရဲ့ အခြေခံမူ ၉ ချက်ကို အဓိက Highlight ချင်တာ ဖြစ်တယ်ပေါ့နော်။ အထူးသဖြင့် ၂၅ နှစ်တာ အတောအတွင်းမှာ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အနေနဲ့က နိုင်ငံရေး အခင်းအကျင်းတွေမှာ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့တယ်။ အထူးသဖြင့် ကျမတို့ မျှော်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပေါ်ထွန်းရေးအတွက်ကို ကျမတို့ ပါဝင်ခဲ့တယ်။ အဲ့ဒီမှာ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုလို့ ပြောတဲ့အခါမှာ အဲ့ဒီ ပြည်ထောင်စုက အမျိုးသမီးတွေ ပါဝင်မှု၊ ဂျန်ဒါ တန်းတူညီမျှမှုကို အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်ဖို့ ကျမတို့က စည်းရုံးလှုံ့ဆော်မှုတွေ ကိုယ်တိုင်ကိုယ်ကျပါဝင်ပြီး ကျမတို့ လုပ်ဆောင်ခဲ့တယ်။ ဒီ ၂၅ နှစ်ပြည့်မှာက ကျမတို့ရဲ့ နိုင်ငံရေး ရပ်တည်ချက် ကြေညာစာတမ်းကို ထုတ်တယ်။ အဓိကက ကျမတို့ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်တဲ့အခါမှာ မဖြစ်မနေ ထည့်သွင်း စဉ်းစားရမယ့် အခြေခံမူနဲ့ ပတ်သက်ပြီးတော့ ထုတ်တာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

ဒီအခြေခံမူ ၉ ချက်ဟာ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်တဲ့အခါ အထောက်အပံ့ဖြစ်စေဖို့နဲ့ နိုင်ငံရေး အင်အားစုတွေကြားမှာ တကယ့်ကို ဘုံသဘောထား တူညီမှုတွေ ရရှိဖို့ ရည်ရွယ်တယ်လို့လည်း နာင်းမို့မို့က ပြောပါတယ်။

WLB ရဲ့ ငွေရတု အခမ်းအနားမှာ အမှတ်တရ ဂုဏ်ပြုစကားပြောကြားတာ၊ မဟာမိတ်အဖွဲ့အစည်း အသီးသီးက ပေးပို့တဲ့ ဂုဏ်ပြုသဝဏ်လွှာတွေကို မှတ်တမ်းတင်တာ၊ မဟာမိတ်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ သပိတ်ကော်မတီစတဲ့ အဖွဲ့အစည်းတွေရဲ့ အမှတ်တရ စကားဗွီဒီယိုတွေ ပြသခဲ့သလို အမျိုးသမီးအဖွဲ့အသီးသီးက တိုင်းရင်းသား ရိုးရာအကတွေနဲ့လည်း ဖျော်ဖြေခဲ့ကြပါတယ်။  

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013