DVB Logo
Home
အားကစား
တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို ရောင်းချရန် မန်ယူအသင်း စီစဉ်
DVB
·
December 11, 2024
တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို ရောင်းချရန် မန်ယူအသင်း စီစဉ်
Donate to DVB

မန်ယူအသင်းဟာ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို ရောင်းချဖို့ စီစဉ်နေပြီး ကမ်းလှမ်းမှုတွေရှိလာရင် လက်ခံ စဉ်းစားသွားမယ်လို့ သိရပါတယ်။

အသက်၂၇ နှစ်ရှိ အင်္ဂလန်တိုက်စစ်မှူးဟာ နည်းပြသစ် အာမိုရင် လက်ထက် ကစားခဲ့တဲ့ ၂ ပွဲမှာ ၃ ဂိုးအထိ သွင်းယူထားတာပါ။

ဒါပေမဲ့ ရက်ရှ်ဖို့ဒ်အနေနဲ့ ပုံမှန်ခြေစွမ်းကို ထိန်းထားနိုင်စွမ်းရှိမှာမဟုတ်ဘူးလို့ မန်ယူအသင်းက ယုံကြည်နေပြီး လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာပဲ ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားတော့မယ်လို့ စကိုင်းစပေါ့ သတင်းက ဖော်ပြပါတယ်။

ဒါ့အပြင် ရက်ရှ်ဖို့ဒ်ဟာ ဘောလုံးအပေါ်အာရုံစူးစိုက်မှုနည်းပါးသွားတယ်လို့ မန်ယူအသင်းက ထင်မြင်နေပြီး မြင့်မားတဲ့လုပ်ခလစာကလည်း ရောင်းထုတ်ဖို့ ဖြစ်လာတဲ့ အချက်တချက်ဖြစ်တယ်လို့ တယ်လီဂရပ်ဖ်သတင်းမှာ ဖော်ပြပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ အသင်းရဲ့လုပ်ခအများဆုံးကစားသမားတယောက်ဖြစ်ပြီး ၂၀၂၈ ခုနှစ် အထိ စာချုပ်သက်တမ်းရှိနေသူ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013