DVB Logo
Home
နိုင်ငံတကာ
လွှတ်တော်အဓိကရုဏ်းတွင်ပါဝင် ထောင်ကျနေသူများကို  ထရမ့်ပ်က လွတ်ငြိမ်းခွင့်ပေးမည်
DVB
·
December 9, 2024
လွှတ်တော်အဓိကရုဏ်းတွင်ပါဝင် ထောင်ကျနေသူများကို  ထရမ့်ပ်က လွတ်ငြိမ်းခွင့်ပေးမည်
Donate to DVB

၂၀၂၁ လွှတ်တော်အဓိကရုဏ်းမှာ ပါဝင်ခဲ့သူတွေကို သမ္မတတာဝန် စတင်ထမ်းဆောင်ချိန်မှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးမှာဖြစ်ကြောင်း အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။

“အဓိကရုဏ်းမှာ ပါဝင်ခဲ့သူတွေဟာ ငရဲကျနေတယ်” လို့ ရွေးကောက်ပွဲ အနိုင်ရပြီးနောက် ပထမဆုံး ရုပ်သံအင်တာဗျူးလုပ်ခဲ့တဲ့ NBC နဲ့ တွေ့ဆုံမေးမြန်းမှုမှာ ထရမ့်ပ်က အခုလို ပြောခဲ့တာပါ။

၂၀၂၀ ရွေးကောက်ပွဲမှာ ထရမ့်ပ်ရှုံးနိမ့်ပြီးနောက် သူ့ကိုထောက်ခံသူတွေက လွှတ်တော်မှာ အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီး ပါဝင်သူ ရာနဲ့ချီဟာ ထောင်ဒဏ်ကျခံနေရပါတယ်။

ဒီလူတွေကို သမ္မတအဖြစ် တာဝန်ထမ်းဆောင်မယ့် ပထမဆုံးနေ့မှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်လို့ ထရမ့်ပ်က ဆိုပါတယ်။

ဒါ့အပြင် ဒေါ်နယ်ထရမ့်ပ်က အမေရိကန်မှာမွေးတဲ့ ကလေးတွေကို နိုင်ငံသားဖြစ်ခွင့်ပေးမှုကိုလည်း အဆုံးသတ်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

နိုင်ငံရွှေ့ပြောင်းခိုလှုံသူတွေဟာ အမေရိကန်ကို ဝင်ရောက်ပြီး ကလေးမွေးကာ နိုင်ငံသားဖြစ်အောင် ပြလုပ်တယ်ဆိုတဲ့ အချက်အလက်တွေကို ဒီမိုကရက်ပါတီရဲ့ အကူအညီနဲ့ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

သောကြာနေ့က NBC နဲ့ တွေ့ဆုံမှုမှာ ရွှေ့ပြောင်းအခြေချသူတွေ၊ စွမ်းအင်၊ စီးပွားရေးနဲ့ စတဲ့ အကြောင်းအရာတွေကို တာဝန်စထမ်းမယ့် ဇန်နဝါရီ ၂၀ ရက်နေ့မှာ ပြုလုပ်မယ့်အကြောင်း ထရမ့်ပ်က ပြောခဲ့တာဖြစ်ပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ပတ်သက်ပြီး ထရမ့်ပ်က အမေရိကန်မှာ မွေးတဲ့ကလေးတွေကို နိုင်ငံသားဖြစ်ခွင့်ပေးတာနဲ့ အခြားနိုင်ငံတွေမှာမွေးတဲ့ သူတို့ရဲ့မိဘတွေကို နိုင်ငံသားဖြစ်ခွင့် ပေးတာတွေ အဆုံးသတ်မယ်လို့လည်း ဆိုပါတယ်။

အမေရိကန် အခြေခံဥပဒေမှာ ပြဋ္ဌာန်းချက် ၁၄ မှာ အမေရိကန်မှာ မွေးတဲ့လူတိုင်း အမေရိကန် နိုင်ငံသားဖြစ်ခွင့် ရှိတယ်ဆိုတာ ပါရှိပါတယ်။

ဒီဥပဒေကိုလည်း ပြောင်းလဲရမယ်လို့ ထရမ့်ပ်က ဆိုပါတယ်။ ဒါ့အပြင် ထရမ့်ပ်က အမေရိကန် နိုင်ငံသားတွေရဲ့ မိသားစုဝင်တွေ အပါအဝင် အထောက်အထားမရှိသူတွေကို ပြည်နှင်ဒဏ် ပေးမယ်လို့လည်း ဆိုပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013