
အီရန်ရဲ့ အဓိပတိ မိုဂျ်တာဘာခါမေနီ သေဆုံးသွားပြီလို့ သူ မထင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဩဂုတ် ၂၆ ရက်နေ့ Glenn Beck ရုပ်သံစကားဝိုင်းအစီအစဉ်မှာ ပြောကြား လိုက်ပါတယ်။
ခါမေနီ အတော်လေး ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာပါလို့ ထရမ့်ပ်က ပြောခဲ့တာဖြစ်ပါတယ်။
ဖေဖော်ဝါရီလအကုန်က ကွယ်လွန်သူ အဓိပတိဟောင်း အယာတိုလာ အလီခါမေနီဟာ လေကြောင်း တိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် တပတ်အကြာမှာပဲ သူ့ရဲ့သား မို့ဂျ်တာဘာ ခါမေနီကို အဓိပတိအဖြစ် ခန့်အပ်ခံခဲ့ရပြီးကတည်းက သူ ဘယ်ရောက်နေလဲ ဆိုတာဟာ အီရန်ပြည်သူတွေ ရော ကမ္ဘာတဝန်းလုံးအတွက်ပါ လျှို့ဝှက်ဆန်းကြယ်ကိစ္စ ဖြစ်နေခဲ့တာပါ။
အဓိပတိခေါင်းဆောင်ဟောင်း အာယာတိုလာ အလီခါမေနီရဲ့ ပင်မ ဈာပနအခမ်းအနားတွေမှာ သူ လုံးဝ ပေါ်မလာခဲ့သလို စာနဲ့ရေးသားထားတဲ့ သဝဏ်လွှာမျိုးတောင် ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။
ဒါကြောင့် အစ္စလာမ်မစ်သမ္မတနိုင်ငံတော်ရဲ့ ၄၇ နှစ်တာ သမိုင်းကြောင်းမှာ ကမောက်ကမဖြစ်နေတဲ့ ဒီအချိန်မျိုးမှာ အီရန်အတွက် သူ့ရဲ့ အစီအစဉ်တွေက ဘာလဲဆိုတာကို ပြည်သူတွေ မှန်းဆနေကြ ရပါတယ်။
အီရန်သမ္မတ မာဆူးဒ် ပီဇက်ရှ်ကီယန်ဟာဇူလိုင်လအကုန်က သူ့ရဲ့ သမ္မတ ရာထူးတတိယသက်တမ်း အစပိုင်းလောက်မှာ အဓိပတိ မို့ဂျ်တာဘာခါမေနီနဲ့ တွေ့ဆုံခဲ့တယ်လို့ ဩဂုတ် ၉ ရက်မှာ နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့ပြီး၊ အနာဂတ်မှာ ခါမေနီရဲ့ ရုပ်သံမှတ်တမ်းကို ပြသသွားမယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ခေါင်းဆောင်တယောက်က ကတိပြုထားပါတယ်။
Source:Reuters











