DVB Logo
Home
နိုင်ငံတကာ
ဂါနာသမ္မတရွေးကောက်ပွဲတွင် အတိုက်အခံ သမ္မတဟောင်း တကျော့ပြန်အနိုင်ရ
DVB
·
December 9, 2024
ဂါနာသမ္မတရွေးကောက်ပွဲတွင် အတိုက်အခံ သမ္မတဟောင်း တကျော့ပြန်အနိုင်ရ
Donate to DVB

ဒီဇင်ဘာ ၈ ရက်မှာ ကျင်းပခဲ့တဲ့ ဂါနာ သမ္မတရွေးကောက်ပွဲမှာ အတိုက်အခံပါတီက သမ္မတဟောင်း ဂျွန် မဟာမာ တကျော့ပြန် အနိုင်ရခဲ့ပါတယ်။

ပြိုင်ဘက်ဖြစ်သူ လက်ရှိ ဒုသမ္မတ မာမာ၀ ဒူဘာဝူမီယာက အရှုံးပေးလိုက်ပြီး တကျော့ပြန် အနိုင်ရတဲ့ အတိုက်အခံခေါင်းဆောင်ကို ဂုဏ်ပြုခဲ့ပါတယ်။

ဒီရွေးကောက်ပွဲဟာ နိုင်ငံမှာ မျိုးဆက်တခုအတွင်း အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းနဲ့ ကြုံတွေ့နေချိန်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အခြေခံကုန်စည်တွေ စျေးတက်နေပြီး လူငယ်တွေ အလုပ်အကိုင်ရှားပါးမှုနဲ့ ရင်ဆိုင်နေရချိန် နိုင်ငံရဲ့ အကြွေးတွေကိုလည်း ပြန်ဆပ်နိုင်စွမ်းမရှိတဲ့ အခြေအနေမှာပါ။

အရှုံးပေးကြေညာချက် ထွက်ပေါ်လာပေမဲ့ တရားဝင်ရလဒ်တွေကို မထုတ်ပြန်သေးပါဘူး။

ဂါနာနိုင်ငံမှာ ၁၉၉၂ ခုနှစ်ကနေစပြီး ပါတီစုံဒီမိုကရေစီစနစ် ပြန်လည်ကျင့်သုံးချိန်ကစလို့ NDC နဲ့ NPP ပါတီတွေ အလှည့်ကျအုပ်ချုပ်လာခဲ့ကြပါတယ်။ ပါတီတခုဟာ သုံးကြိမ်ဆက်တိုက် အာဏာရခဲ့တာ မရှိသေးပါဘူး။

မဟာမာဟာ အသက် ၆၅ နှစ်ရှိပြီး ၂၀၁၂ ကနေ ၂၀၁၇ အထိ နိုင်ငံကို ဦးဆောင်ခဲ့ဖူးပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပေမဲ့ အခုတော့ အံ့အားသင့်ဖွယ် ပြန်လည်အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ သမ္မတသစ်ဟာ ၂၀၂၅ ဇန်နဝါရီ ၇ ရက်နေ့မှာ ကျမ်းသစ္စာကျိန်ဆိုမှာ ဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013