DVB Logo
Home
မြန်မာသတင်း
နတ်မြစ်အတွင်း အသွားအလာမလုပ်ရန် အာရက္ခတပ်တော်(AA) အသိပေး
DVB
·
December 9, 2024
နတ်မြစ်အတွင်း အသွားအလာမလုပ်ရန် အာရက္ခတပ်တော်(AA) အသိပေး
Donate to DVB

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်၊ ရခိုင်ပြည်နယ်ဘက်ခြမ်း  နတ်မြစ်အတွင်း ရေကြောင်း ခရီးသွားလာမှုတွေကို အချိန်၊ ရက် အကန့်အသတ်မရှိ ပိတ်ပင်တားမြစ်လိုက်ကြောင်း အာရက္ခတပ်တော် ( AA) က ဒီဇင်ဘာ ၈ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

နယ်ခြားစောင့်တပ် နခခ (၅) ကနေထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်း RSO ၊ ARSA ၊ ARA ရိုဟင်ဂျာလက်နက်ကိုင်တွေမှာ နတ်မြစ်တလျှောက် စက်လှေ၊ မော်တော်ဘုတ်၊ လောင်းလှတွေနဲ့ ထွက်ပြေးဖို့ ကြိုးစားနေတာကြောင့်  စစ်ရေးလိုအပ်ချက်နဲ့ ပြည်သူ့လုံခြုံရေးအတွက် နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာမှုတွေကို ဒီဇင်ဘာ ၈ ရက် ညနေ ၃ နာရီခွဲကစပြီး အချိန်၊ ရက် အကန့်အသတ်မရှိ ပိတ်ပင်တားမြစ်လိုက်တာပါ။

မောင်တောမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် နခခ (၅) စခန်းကို မနေ့ မနက် ၉ နာရီခွဲလောက်က အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့  အာရက္ခတပ်တော်(AA) သတင်းထုတ်ပြန်ပါတယ်။ 

မောင်တောမြို့နယ်ကို သိမ်းပိုက်လိုက်တာကြောင့် AA သိမ်းပိုက်နိုင်တဲ့ မြို့နယ်က စုစုပေါင်း ၁၃ မြို့နယ်အထိ ရှိလာသလို ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်လုံးကို စိုးမိုးသွားနိုင်တာဖြစ်ပါတယ်။ 

တဆက်တည်းမှာပဲ အမ်းနဲ့ တောင်ကုတ်နဲ့ ဂွဘက်တွေမှာလည်း တိုက်ပွဲတွေ ဆက်ရှိနေသလို အမ်းမြို့နယ်မှာဆိုရင်လည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တခုပဲ  သိမ်းပိုက်ဖို့ ကျန်ပါတော့တယ်။

နခခ (၅) အနီးအနားသာမက မောင်တောာဒေသရဲ့ တခြားသောနေရာတွေမှာပါ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

ရခိုင်ပြည်နယ်ရဲ့ လက်ရှိ စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့  AA ဘက်ကို ဆက်သွယ်မေးမြန်းပေမဲ့  ဆက်သွယ်လို့ မရသေးသလို စစ်ကောင်စီဘက်ကိုလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013