DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာနှင့် ဘင်္ဂလားဒေ့ရှ် တရားမဝင်ရွေ့ပြောင်းဝင်လာသူများအရေး အိန္ဒိယလွှတ်တော်အမတ် သတိပေး  
DVB
·
December 4, 2024
ရိုဟင်ဂျာနှင့် ဘင်္ဂလားဒေ့ရှ် တရားမဝင်ရွေ့ပြောင်းဝင်လာသူများအရေး အိန္ဒိယလွှတ်တော်အမတ် သတိပေး  
Donate to DVB

တရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာတဲ့ ရိုဟင်ဂျာတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဟာ   အိန္ဒိယနိုင်ငံအတွက် လုံခြုံရေးဆိုင်ရာအန္တရာယ်တခု ဖြစ်လာနိုင်တယ်လို့ အိန္ဒိယလွှတ်တော်အမတ်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး  Hindustan Times  သတင်းမှာ ဖော်ပြပါတယ်။

အိန္ဒိယနိုင်ငံအရှေ့ပိုင်း အနောက်ဘန်ဂေါပြည်နယ်မှာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားမဝင် ရွှေ့ပြောင်းဝင်ရောက် အခြေချနေထိုင်နေမှုနဲ့ပတ်သက်ပြီး Bharatiya Janata ပါတီ (BJP) လွှတ်တော်အမတ် ဘတ်တာချာယာက ပြည်နယ်အထက်လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းချိန် အခုလို ပြောကြားခဲ့တာဖြစ်ပြီး ဒီကိစ္စကို ပြည်နယ်ရဲတပ်ဖွဲ့ သတိပြုမိလာစေဖို့အတွက် အကြိမ်ကြိမ် ထုတ်ဖော် တင်ပြခဲ့ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီအဆိုပြုချက်ကို Trinamool Congress (TMC) ပါတီရဲ့ လွှတ်တော်အမတ်တွေက ကန့်ကွက်ခဲ့ကြပေမဲ့ လွှတ်တော်အမတ် ဘတ်တာချာယာကတော့ သူ့ရဲ့ စွပ်စွဲချက်အပေါ် မှန်ကန်ကြောင်း သက်သေပြဖို့ အမြဲအသင့်ရှိတယ်လို့ ပြောကြားပါတယ်။

ဒါ့အပြင် တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုကိစ္စဟာ တကယ့်ကို အလေးထား ဆောင်ရွက်ရမယ့်ကိစ္စဖြစ်တဲ့အပြင် နိုင်ငံရဲ့ ဒီမိုကရေစီစနစ်အပေါ် သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့လည်း  ပြောပါတယ်။

ပြည်နယ်အနေနဲ့ အခုလို အရေးကြီးကိစ္စတွေနဲ့ နပန်းလုံးနေရချိန်မှာ ပြည်နယ်ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေကတော့ ဒီကိစ္စကို လုံးဝ မျက်ကွယ်ပြုနေကြတာဟာ တကယ့်ကို စိုးရိမ်စရာ ဖြစ်တယ်လို့လည်း  ဘတ်တာချာယာက  X လူမှုမီဒီယာမှာ ပြောဆိုထားပါတယ်။

Source:  Hindustan Times

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013