DVB Logo
Home
မြန်မာသတင်း
ကန်ကျနပူရီတွင် တရားမဝင် မြန်မာ ၉ ဦးကို ကျည်ဆန်  ၃၀၀၀ နီးပါးနှင့်အတူ ဖမ်းမိ 
DVB
·
December 4, 2024
ကန်ကျနပူရီတွင် တရားမဝင် မြန်မာ ၉ ဦးကို ကျည်ဆန်  ၃၀၀၀ နီးပါးနှင့်အတူ ဖမ်းမိ 
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ ကန်ကျနပူရီခရိုင်ထဲမှာ  ဒီဇင်ဘာ ၂ ရက် ည ၇ နာရီလောက်က တရားမဝင် မြန်မာနိုင်ငံသား ၉ ယောက်နဲ့အတူ ကျည်ဆန်တောင့် ၃၀၀၀ နီးပါး ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ကန်ကျနပူရီနယ်ခြားစောင့်တပ်၊ နယ်မြေခံရဲ၊ ကျေးရွာလုံခြုံရေးတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ နယ်မြေထဲမှာ ရာဇဝတ်မှုကင်းစင်ရေးအတွက် ကင်းလှည့်လည်စစ်ဆေးစဉ် ကန်ကျနပူရီမြို့ ဘန့်ကောင်အုပ်စု ဟွေ့နမ့်ခေါင်ရွာသွားလမ်းဘေးတနေရာမှာ ပုန်းခိုနေတဲ့လူတစုကို တွေ့ရှိတယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။

စုစုပေါင်း အမျိုးသား ၈ ယောက်ဖြစ်ပြီး သူတို့ကို မသင်္ကာလို့ စစ်ဆေးရာမှာ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်၊ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာတဲ့ အထောက်အထား တစုံတရာမရှိတာကြောင့် ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ တည်းခိုတဲ့နေရာ လိုက်ပြခိုင်းရာမှာ ဘန့်ကောင်ရပ်ကွက် နယ်မြေ ၁၅ က အိမ်နံပါတ်မရှိတဲ့ နေအိမ်တလုံးဖြစ်ပြီး အဲဒီအိမ်ထဲ ဝင်ရောက်ရှာဖွေတော့ သေတ္တာ ၄ လုံးထဲက ၂၂ မမ ကျည်ဆန်တောင့် ၂,၀၀၀၊ နောက်ထပ် ဘူးငယ် ၃၀ ထဲက ၁၂ မမ ကျည်ဆန်  ၇၅၀ တောင့် တွေ့ရှိခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အိမ်ရှင်ဖြစ်သူ မြန်မာအမျိုးသားကို တရားမဝင် ဝင်ရောက်လာသူတွေ လက်ခံတည်းခိုခွင့်ပေးမှုနဲ့ ကနဦးအမှုဖွင့်ထားပြီး ကျည်ဆန်တွေနဲ့ပတ်သက်လို့ ဆက်လက်စစ်ဆေးနေတယ်လို့ တာဝန်ရှိသူကပြောကြောင်း ထိုင်းသတင်းမှာဖော်ပြထားပါတယ်။ 

Source: MGR Online

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013