
ဂီနီနိုင်ငံ အရှေ့တောင်ပိုင်းရှိ ဒုတိယအကြီးဆုံး အန်ဇေရေခိုမြို့မှာ ဒီဇင်ဘာ ၂ ရက်က ဘောလုံးပွဲတခုအတွင်း ပရိသတ်တွေကြား ရုန်းရင်းဆန်ခတ်ဖြစ်အပြီး လူနင်းမိလို့ လူအယောက် ၅၀ လောက် သေဆုံးခဲ့တယ်လို့ ဒေသခံအရာရှိတယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အွန်လိုင်းပေါ်မှာ မျှဝေထားတဲ့ ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေထဲမှာ သေဆုံး ဒဏ်ရာရသူတွေ မြေပေါ်မှာ တန်းစီနေပုံကို ပြထားပါတယ်။
ဗီဒီယိုတခုထဲမှာတော့ အလောင်းတဒါဇင်ကျော်ကို ရေတွက်နိုင်ပြီး သူတို့ထဲက အများအပြားကတော့ ကလေးငယ်တွေပါ။
ဗီဒီယိုတွေ စစ်မှန်သလား ဆိုတာတော့ သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေးအတည်ပြု အထောက်အထား ပြနိုင်ခြင်း မရှိသေးပါဘူး။
ဒါပေမဲ့ ဗီဒီယိုရိုက်ကူးခံ တည်နေရာကို အားကစားကွင်းနံရံ၊ အနီးနားက အဆောက်အဦတွေ၊ သစ်ပင်တွေနဲ့ ပတ်ဝန်းကျင်ဧရိယာရဲ့ ရုပ်သံတွေ ဂြိုဟ်တုဓာတ်ပုံတွေနဲ့ တိုက်ဆိုင်စစ်ဆေးရာမှာ လမ်းအပြင်အဆင်တွေ ကိုက်ညီနေတာကို အတည်ပြုထားပါတယ်။
ဝန်ကြီးချုပ် မာမာဒူ အိုရေးဘားနဲ့ ဒေသခံ မီဒီယာတွေက ထုတ်ပြန်တဲ့ ကြေညာချက်ထဲက ဗီဒီယိုရဲ့ ရက်စွဲကို အတည်ပြုနိုင်ခဲ့ပါတယ်။
Source : Reuters











