DVB Logo
Home
မြန်မာသတင်း
လုပ်ခတိုးပေးရန် တောင်းဆိုသည့် အထည်ချုပ်အလုပ်သမားရာချီ အလုပ်ထုတ်ခံရ
DVB
·
November 29, 2024
လုပ်ခတိုးပေးရန် တောင်းဆိုသည့် အထည်ချုပ်အလုပ်သမားရာချီ အလုပ်ထုတ်ခံရ
Donate to DVB

ရန်ကုန် လှိုင်သာယာစက်မှုဇုန် ၄ မှာ ဖွင့်လှစ်ထားတဲ့ Yangon Nadia-Pacific အထည်ချုပ်စက်ရုံက အလုပ်သမားရာနဲ့ချီကို လုပ်ခတိုးမြှင့်တောင်းလို့ဆိုပြီး စက်ရုံဘက်က အလုပ်ထုတ်လိုက်တယ်လို့ အဲဒီစက်ရုံလုပ်သားတွေဆီက သိရပါတယ်။

အဲဒီစက်ရုံအလုပ်သမားတချို့အနေနဲ့ တရက်လုပ်ခ ၈,၅၀၀ ကျပ် တိုးမြှင့်ပေးဖို့အတွက် နိုဝင်ဘာ ၂၇ နဲ့ ၂၈ ရက်တို့မှာ နာရီပိုင်း အလုပ်မလုပ်ဘဲ တောင်းဆိုခဲ့ကြပြီး နိုဝင်ဘာ ၂၉ ရက်မှာ တောင်းဆိုမှုမှာပါဝင်တဲ့ အလုပ်သမားတွေကို အလုပ်ထုတ်ကြောင်း HR က အသိပေးလာတာဖြစ်တယ်လို့ ဆိုပါတယ်။

အလုပ်ထုတ်ခံရတဲ့အထဲ ပါဝင်တဲ့ စက်ရုံလုပ်သားတယောက်က “စက်ရုံက နှစ်ခြမ်းရှိတာ၊ ကျမတို့ဆီက လောလောဆယ် အလုပ်ထုတ်ခံရတာ အလုပ်သမား ၃၀၀ ကျော်ရှိတယ်။ ဟိုဘက်ခြမ်းမှာလည်း တောင်းဆိုသူတွေရှိတယ်။ သူတို့ ဘယ်နှစ်ယောက် အထုတ်ခံရလဲ ဆိုတာတော့ မသိရဘူး” လို့ ပြောပါတယ်။

Yangon Nadia-Pacific အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၁,၀၀၀ ကျော်နဲ့ လည်ပတ်နေပြီး အလုပ်ထုတ်ခံရတဲ့လုပ်သားမှာ တဝက်လောက်ရှိနိုင်တယ်လို့လည်း အလုပ်သမားတွေက ဆိုပါတယ်။

လက်ရှိမှာ အလုပ်ထုတ်ခံရတာနဲ့ပတ်သက်လို့ မြို့နယ်အလုပ်သမားရုံးကို သွားရောက်အသိပေးထားတာ ရှိပေမဲ့ ထူးခြားမှုတစုံတရာ မရှိသေးဘူးလို့လည်း အလုပ်သမားတယောက်က ပြောပါတယ်။

“အလုပ်သမားရုံးကိုသွားတော့ HR ကနေ ညှိပေးမယ်ဆိုပြီး ပြောတယ်။ အခုကျတော့ လုံးဝ အညှိမခံတော့ဘူး။ အလုပ်သမားတွေက ဘယ်ကိုအကူအညီတောင်းရမယ်မှန်းလည်း မသိဘူး။”

လက်ရှိမှာ အလုပ်ပြန်ဝင်ခွင့်ရရှိရေးနဲ့ အလုပ်ထုတ်ခံရလို့ ဥပဒေပါ နစ်နာကြေးရရှိရေး ဘာကိုညှိနှိုင်း တောင်းဆိုမယ်ဆိုတာ အလုပ်သမားတယောက်ချင်းစီ ဆန္ဒတိုင်ပင်နေတယ်လို့လည်း အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတချို့က ဆိုပါတယ်။

ပြည်တွင်းမှာ စက်ရုံလုပ်သားတွေအနေနဲ့ တရက်လုပ်ခ ၄,၈၀၀ ကျပ်၊ ထောက်ပံ့ကြေး ၂,၀၀၀ ကျပ်နဲ့ လုပ်ကိုင်နေရပြီး မြင့်တက်လာတဲ့ ကုန်စျေးနူန်းကြောင့် မလောက်ငတာကြောင့် ကျပ်တည်းမှုတွေ ကြုံနေပါတယ်။

အနည်းဆုံးလုပ်ခ တိုးမြှင့်ပေးဖို့ တောင်းဆိုမှုတွေရှိပေမဲ့ တိုးမြှင့်တာမရှိသလို တောင်းဆိုတဲ့ အလုပ်သမားတွေကို အလုပ်ထုတ်တာ၊ စစ်တပ်ခေါ်ပြီး ခြိမ်းခြောက်တဲ့ ဖြစ်စဥ်တွေလည်း ရှိနေတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013