DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာအလုပ်သမား ၁၈ ဦး လစာမရဘဲ အလုပ်ထုတ်ခံရ
DVB
·
January 25, 2024
ထိုင်းတွင် မြန်မာအလုပ်သမား ၁၈ ဦး လစာမရဘဲ အလုပ်ထုတ်ခံရ
Donate to DVB

ထိုင်နိုင်ငံ၊ ချွန်ပူလီခရိုင်၊ ဘော်ထော်ရပ်ကွက်မှာရှိတဲ့ PE MAT ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား အမျိုးသမီး ၁၈ ဦးကို အလုပ်ရှင်က လစာမပေးဘဲ အလုပ် ထုတ်ခဲ့တယ်လို့ WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့က ပြောပါတယ်။

ဇန်နဝါရီ ၁၈ ရက်မှာ  အလုပ်သမား ၁၈ ဦးကို သူဌေးကခေါ်ပြီး လုပ်ခ တလစာ မပေးဘဲ အလုပ်က ထုတ်ခဲ့တဲ့အတွက် WAG အဖွဲ့ထံ အလုပ်သမားတွေက တိုင်ကြားခဲ့တာပါ။

WAG ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုမုန်တိုင်းက “အလုပ်သမားတွေကို လုပ်အားခ တလစာ မပေးတာနဲ့ အလုပ်သမားတွေကို ကြိုတင်‌အကြောင်းမကြားဘဲ အလုပ်ထုတ်လိုက်တာ။ အဲဒီအလုပ်သမားတွေ ထဲမှာ တနှစ်သမား၊ ငါးနှစ်သမားတွေ ရှိတယ်။ တနှစ် အလုပ်လုပ်ပြီးသူတွေကို တလစာ ခံစားခွင့် ရဖို့ကိုပါ ဆောင်ရွက်နေတယ်” လို့ ပြောပါတယ်။

WAG ကို အကူအညီ‌တောင်းခဲ့တဲ့အတွက်  အလုပ်ရှင်က အလုပ်သမားတွေရဲ့ ဖုန်းကို သိမ်းဆည်း ကာ အလုပ်သမားတွေကိုလည်း ကုမ္ပဏီဝင်းထဲက အလုပ်သမားတန်းလျားမှာ ထိန်းသိမ်း ထားပါတယ်။

ကိုမုန်တိုင်းက “အခု အလုပ်သမားတွေနဲ့ အဆက်အသွယ် မရတော့ဘူး။ အလုပ် လုပ်ခွင့်တော့ မပေးဘဲ ကုမ္ပဏီတန်းလျားမှာပဲ ထားထားဝာာ။ ချွန်ဘူလီမှာရှိတဲ့ အလုပ်သမားရုံးကိုတော့ အကြောင်းကြားထားပါတယ်။ ထိုင်းနိုင်ငံရှိ အလုပ်သမားတွေအနေနဲ့ ဘိုင်ကျန်အော် (သူဌေးပြောင်းခွင့်စာ) မပါရင် အလုပ် မပြောင်းဖို့နဲ့ ထိုင်းကို တက်လာမယ့် MOU သမားတွေ အနေနဲ့ အေဂျင်စီတွေကို သေချာစုံစမ်းပြီးမှ တက်ကြပါ” လို့ ပြောပါတယ်။

အလားတူ မဟာချိုင်မြို့မှာလည်း MOU စနစ်နဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်တည်းက ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာအလုပ်သမား ၁၇ ဦးဟာ ၂ လကြာတဲ့အထိ အလုပ် မရသေးတဲ့အတွက် စားဝတ်နေရေး ခက်ခဲနေပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အလုပ်အကိုင် ရှားပါးတာနဲ့ စီးပွားရေး အဆင်မပြေ တာတွေကြောင့် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တရုတ်နဲ့ အာရပ်နိုင်ငံတို့မှာ သွားရောက် အလုပ် လုပ်ကိုင်သူ သိသိသာသာ တိုးပွားလာပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013