DVB Logo
Home
မြန်မာသတင်း
တောင်ကုတ်မြို့ တမြို့လုံးကို  AA အလုံးစုံထိန်းချုပ်
DVB
·
November 29, 2024
တောင်ကုတ်မြို့ တမြို့လုံးကို  AA အလုံးစုံထိန်းချုပ်
Donate to DVB

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်ကနေ ၂၀ ရက်ထိ ၁၇ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၂၄ ရက်မှာ တောင်ကုတ်မြို့ တခုလုံးကို အလုံးစုံ ထိန်းချုပ်ထားနိုင်ခဲ့ပြီလို့ အာရက္ခတပ်တော် (AA) က နိုဝင်ဘာ ၂၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိမှာ တောင်ကုတ်မြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တယောက်မှ မရှိတော့ဘဲ အာရက္ခတပ်တော်က ထိန်းချုပ်လိုက်ပြီလည်း ဖြစ်ပါတယ်။

AA က တောင်ကုတ်မြို့ပြင်ပ စစ်ကောင်စီရဲ့ မောင်းတံဂိတ်စခန်း၊ တက္ကသိုလ်ကျောင်းဝင်း စခန်း၊ အာလိမ်ငါးဆင့်ဘုရားကုန်းစခန်း၊ ဖုန်ညိုရွာတံတားအနီးစခန်း၊ တောင်ကုတ်မြို့အဝင် စကခ ၅ တပ်မဌာနချုပ် ဂိတ်စခန်း၊ ဆုတောင်းပြည့်ဘုရားကုန်းစခန်း၊ ကြိုးကြာကွင်း ဂိတ်စခန်း၊ ကိုင်းရှည်တံတားထိပ်စခန်း၊ သီရိဆေးရုံစခန်းနဲ့ တောင်ကုတ်မြို့မရဲစခန်းတွေကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ တောင်ကုတ်မြို့အနီးပတ်ဝန်းကျင်က ကျန်ရှိနေတဲ့ တောင်ကုတ်မြို့အခြေစိုက် စကခ ၅ တပ်မဌာနချုပ်နဲ့ လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခမရ ၃၄၆ နဲ့ ခမရ ၅၄၄ တပ်ရင်းစခန်းတွေကို တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတဲ့ ဂွမြို့နယ်၊ အမ်းမြို့အခြေစိုက် နပခ ဌာနချုပ်နဲ့ မောင်တောမြို့ နခခ ၅ စခန်းတွေကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ဖို့ အရှိန်အဟုန်မြှင့် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ရခိုင်က တက်ကြွလှုပ်ရှားသူတယောက်က “ရခိုင်က မြို့နယ်တခုကတော့ ထပ်ပြီး စစ်ဖိနပ်ချုပ်ချယ်မှုအောက်က လွတ်လာပြီဆိုတော့ မင်္ဂလာတပါးပါပဲ” လို့ ပြောပါတယ်။

ရခိုင်မှာ တိုက်ပွဲစဖြစ်တဲ့ နိုဝင်ဘာ ၁၃ ရက်ကနေ တနှစ်ကျော်အတွင်းမှာ အာရက္ခတပ်တော်က မြို့နယ် ၁၁ ခုအထိ သိမ်းပိုက်ရရှိထားတာဖြစ်ပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013