DVB Logo
Home
နိုင်ငံတကာ
ရိုမေးနီးယား ရွေးကောက်ပွဲတွင် TikTok ဝင်စွက်ဖက်ဟု  EU ကို တိုင်ကြား
DVB
·
November 28, 2024
ရိုမေးနီးယား ရွေးကောက်ပွဲတွင် TikTok ဝင်စွက်ဖက်ဟု  EU ကို တိုင်ကြား
Donate to DVB

ရိုမေးနီးယားသမ္မတရွေးကောက်ပွဲ ပထမအကျော့မှာ TikTok က လွှမ်းမိုးသက်ရောက်မှု ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ဥရောပသမဂ္ဂ (EU) ကို တိုင်ကြားခဲ့ပါတယ်။

ရိုမေးနီးယား မီဒီယာစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ Ancom က လူမှုကွန်ရက် စည်းကမ်းထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး ဥရောပမှာ အာဏာအရှိဆုံးဖြစ်တဲ့ ဥရောပကော်မရှင်ကို တိုင်တာဖြစ်ပါတယ်။

ရွေးကောက်ပွဲအပေါ် မထိခိုက်စေဖို့ တောင်းဆိုချက်တွေကို TikTok က လျင်လျင်မြန်မြန် ကိုင်တွယ်မပေးခဲ့ဘူးလို့ စွပ်စွဲထားတာ ဖြစ်ပါတယ်။

ဥရောပသမဂ္ဂရဲ့ ဒစ်ဂျစ်တယ်ဝန်ဆောင်မှု အက်ဥပဒေ (DEA) အရ ရိုမေးနီးယား ရွေးကောက်ပွဲမှာ TikTok ရဲ့ အခန်းကဏ္ဍကို တရားဝင် စုံစမ်းစစ်ဆေးဖို့ တောင်းဆိုချက်ကို လက်ခံရရှိကြောင်း ကော်မရှင်က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာ အစွန်းရောက် အမျိုးသားရေးဝါဒီ ရုရှားလိုလားတဲ့ ကာလင် ဂျော်ဆက်စကူက မဲအများဆုံးရခဲ့ပြီး အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။

TikTok မှာ ဂျော်ဆက်စကူ တဟုန်ထိုး နာမည်ကြီးလာတာက ဒီလို မဲအများဆုံးရခဲ့မှုရဲ့ အကြောင်းရင်းတရပ်လို့ စွပ်စွဲနေကြတာ ဖြစ်ပါတယ်။

TikTok မှာ တရားမဝင်ဖြန့်ဖြူးတဲ့ အကြောင်းအရာတွေနဲ့ ဆက်စပ်တဲ့ ပုံမှန်မဟုတ်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက TikTok ကို အကြောင်းကြားခဲ့ပေမဲ့ သင့်လျော်တဲ့ တုံ့ပြန်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

TikTok မှာ ဖော်လိုဝါ ၃၇၀,၀၀၀ ကျော်ရှိတဲ့ ဂျော်ဆက်စကူအပေါ် ထောက်ခံမှု ရုတ်ချည်းမြင့်တက်သွားတာမှာ TikTok ကို အလွဲသုံးခဲ့ပြီး အကောင့်တုတွေ အစုလိုက် အပြုံလိုက်ပါ အသုံးချတာ တွေ့ရတယ်လို့ ရိုမေးနီးယားက နည်းပညာနဲ့ အင်တာနက်ဆိုင်ရာ အသင်းကလည်း ထုတ်ပြန်ပါတယ်။

TikTok မှာ လူသိများတဲ့ Influencer တွေကို အသုံးချရာမှာလည်း ပိုက်ဆံပေးပြီး ကြော်ငြာခိုင်းတယ်လို့ ရှင်းရှင်းလင်းလင်း ဖော်ပြမထားဘူးလို့ တချို့က သုံးသပ်ပါတယ်။

ဒါပေမဲ့ TikTok စည်းမျဉ်းအရဆိုရင် ပိုက်ဆံပေးပြီး နိုင်ငံရေးကြော်ငြာထည့်တာကို တားမြစ်ထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013