DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ်အစိုးရအဖွဲ့ဝင်လောင်းများကို ဗုံးခွဲသတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခံရ
DVB
·
November 28, 2024
ထရမ့်ပ်အစိုးရအဖွဲ့ဝင်လောင်းများကို ဗုံးခွဲသတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခံရ
Donate to DVB

ဒေါ်နယ်ထရမ့်ပ်ရဲ့ အစိုးရသစ်မှာ ဝန်ကြီးအဖြစ်၊ အိမ်ဖြူတော် တာဝန်ရှိသူတွေအဖြစ်  ထမ်းဆောင်ဖို့ လျာထားခံရသူ အများအပြားဟာ  ဗုံးခွဲသတ်ဖြတ်ခံရမယ်လို့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ FBI က ထုတ်ပြန်ပါတယ်။

“ဗုံးခြိမ်းခြောက်မှု” တွေအပြင် Swatting လို့ခေါ်တဲ့ ပစ်မှတ်ထားသူရဲ့ အိမ်လိပ်စာနဲ့  ဖုန်းဆက်ပြီး ရဲခေါ် နှောင့်ယှက်တာမျိုးတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ထရမ့်ပ်ရဲ့ အိမ်ရာ၊ စိုက်ပျိုးရေးနဲ့ အလုပ်သမားဝန်ကြီးဌာနတွေကို ဦးဆောင်ဖို့ လျာထားခံရသူတွေ၊ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် လျာထားခံရသူတွေ ခြိမ်းခြောက်ခံရတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါပေမဲ့ ဘယ်သူဘယ်ဝါဆိုပြီး နာမည်တပ်ပြီးတော့ မထုတ်ပြန်ပါဘူး။ ပြီးခဲ့တဲ့ အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့တဲ့ အဲဒီခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့ကလည်း စုံစမ်းစစ်ဆေးနေပါတယ်။

ထရမ့်ပ်ရဲ့ အစိုးရကူးပြောင်းရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကလည်း ဒီဖြစ်စဉ်တွေကို အတည်ပြုပြီး ဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေက လျင်လျင်မြန်မြန် ကိုင်တွယ်နေကြောင်းပါ ထုတ်ပြန်ပါတယ်။

နယူးယောက်မှာနေတဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် လျာထားခံရသူ အဲလိစ် စတက်ဖနစ်ရဲ့ မိသားစုအိမ်ကိုလည်း ဗုံးခွဲမယ်လို့ ခြိမ်းခြောက်ခံရကြောင်း ကာယကံရှင်က ပြောပါတယ်။

ခင်ပွန်း၊ ၃ နှစ်အရွယ် သားဖြစ်သူတို့နဲ့အတူ ဝါရှင်တန်ဒီစီကနေ နယူးယောက်ကို ကျေးဇူးတော်နေ့အတွက် အပြန်လမ်းမှာ ခြိမ်းခြောက်မှုအကြောင်း  သိရတာဖြစ်တယ်လို့ ဆိုပါတယ်။

နယူးယောက်မှာနေတဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးနေရာ လျာထားခံရတဲ့ ဟိုးဝါ့ဒ်လုနစ်ခ် ရဲ့ အိမ်လည်း ခြိမ်းခြောက်ခံရတယ်လို့ နယူးယောက်ရဲက အတည်ပြုပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013