DVB Logo
Home
အားကစား
လူငယ်အကောင်းဆုံးကစားသမားဆုကို စပိန်နှင့် ဘာစီလိုနာကြယ်ပွင့် ယာမယ် ရရှိ
DVB
·
November 28, 2024
လူငယ်အကောင်းဆုံးကစားသမားဆုကို စပိန်နှင့် ဘာစီလိုနာကြယ်ပွင့် ယာမယ် ရရှိ
Donate to DVB

၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံးလူငယ်ဘောလုံးသမားဆုကို စပိန်နဲ့ ဘာစီလိုနာ တိုက်စစ် ကစားသမား လာမိန်းယာမယ်က ရရှိသွားပါတယ်။

ဒီဆုဟာ ဥရောပတိုက်ရှိ အသက် ၂၁ နှစ်အောက် ကစားသမားတွေထဲကနေ အကောင်းဆုံးစွမ်းဆောင်ရည်ဆု ရရှိသူကို ဂျာနယ်လစ်တွေက ရွေးချယ်ပေးခဲ့ကြတာပါ။

ဥရောပရဲ့ နာမည်ကြီးမီဒီယာတွေဖြစ်ကြတဲ့  Tuttosport ၊The Times နဲ့ L’Equipe  အစရှိတဲ့ မီဒီယာတွေက ဂျာနယ်လစ်တွေ အပါအဝင် ဥရောပရှိ ဂျာနယ်လစ်တွေက မဲပေးရွးချယ်ခဲ့ကြ တာပါ။

ယာမယ်ဟာ အခုနှစ်အတွင်း စပိန်အသင်းနဲ့အတူ ဥရောပဖလားလည်း ရယူနိုင်ခဲ့သလို ဘာစီလိုနာမှာပဲ ခြေစွမ်းပြနေသူပါ။

Golden Boy လို့ ခေါ်ကြတဲ့ ဒီဆုကို ယာမယ်က အသက်အငယ်ဆုံးနဲ့ ရယူနိုင်ခဲ့သူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ယာမယ်ဟာ ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်တဲ့ ဘလွန်းဒီအော လူငယ်အကောင်းဆုံးဆုကိုလည်း ရရှိထားပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013