DVB Logo
Home
နိုင်ငံတကာ
နိုဘယ်လ်ဆုမရသဖြင့် နော်ဝေကို “ချီးတွင်းတိုင်းပြည်” ဟု ထရမ့်ပ် ဝေဖန်
DVB
·
October 27, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆု မရတဲ့အပေါ် မကျေမနပ်ဖြစ်ပြီး နော်ဝေနိုင်ငံကို “ချီးတွင်းတိုင်းပြည်” (Shithouse Country) လို့ ရိုင်းရိုင်းစိုင်းစိုင်း ခေါ်ဆိုခဲ့ပါတယ်။

အောက်တိုဘာ ၂၅ ရက်က မစ်ရှီဂန်ပြည်နယ် ပို့ဟူရွန်မြို့မှာ ပြုလုပ်တဲ့ မဲဆွယ်ပွဲမှာ ထရမ့်ပ်က အခုလို ပြောခဲ့တာပါ။

ထရမ့်ပ်ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး နိုဘယ်ဆု ရွေးချယ်ရေးကော်မတီဟာ အစိုးရနဲ့ သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်ကြောင်း နော်ဝေနိုင်ငံခြားရေးဝန်ကြီး အက်စ်ပန် ဘာ့သ် အိုက်ဒါက အောက်တိုဘာ ၂၆ ရက်မှာ ဖြေရှင်းပါတယ်။

“နိုဘယ်လ်ကော်မတီဟာ လွတ်လပ်တဲ့အဖွဲ့အစည်းဆိုတာ သူကောင်းကောင်းသိပါတယ်” လို့ အိုက်ဒါက ပြောပါတယ်။

နော်ဝေအစိုးရဟာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ဘယ်သူရမလဲဆိုတာကို ဆုံးဖြတ်ပိုင်ခွင့်မရှိဘူးလို့ နော်ဝေ တာဝန်ရှိသူတွေကလည်း ထပ်မံရှင်းလင်းခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန်နဲ့ ရှည်ကြာတဲ့ ဆက်ဆံရေးကို နော်ဝေအစိုးရက အလွန်အရေးထားကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

“တကယ်ပြောရရင် နော်ဝေက စုတ်ပြတ်နေပြီ။ တကယ့်ကို ချီးတွင်းတိုင်းပြည် ဖြစ်နေပြီ” လို့ ထရမ့်ပ်က ပြောပါတယ်။

သူ့ကို ငြိမ်းချမ်းရေးနိုဘယ်လ်ဆု မပေးတဲ့အတွက် နော်ဝေနိုင်ငံသားတွေကိုလည်း အမေရိကန်မှာ မလိုချင်ဘူးလို့ ဆိုပါတယ်။

၂၀၂၆ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို တောင်အာဖရိက လူ့အခွင့်အရေးရှေ့နေ၊ ICJ  အထူးတရားသူကြီး၊ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးဟောင်း နာဗီ ပီလေးက ရရှိခဲ့ပါတယ်။

အစောပိုင်းကလည်း ထရမ့်ပ်ဟာ သူ့ကို နိုဘယ်လ်ဆုမပေးတဲ့ ဆုံးဖြတ်ချက်ကို နော်ဝေနိုင်ငံအတွက် ဖျောက်ဖျက်လို့မရတဲ့ အမည်းစက်လို့ ဝေဖန်ခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013