DVB Logo
Home
နိုင်ငံတကာ
အမျိုးသမီးများအပေါ်  အကြမ်းဖက်မှုပပျောက်ရေး  စပိန်တွင် လူထောင်ချီ ဆန္ဒဖော်ထုတ်
DVB
·
November 26, 2024
အမျိုးသမီးများအပေါ်  အကြမ်းဖက်မှုပပျောက်ရေး  စပိန်တွင် လူထောင်ချီ ဆန္ဒဖော်ထုတ်
Donate to DVB

နိုင်ငံတကာအမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ဖြစ်တဲ့ နိုဝင်ဘာ ၂၅ ရက်က  စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ အမျိုးသမီး ထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြ ရှုတ်ချခဲ့ပါတယ်။

စပိန်နိုင်ငံမှာ ဒီနှစ်အတွင်း အကြမ်းဖက်မှုတွေကြောင့် လူ ၄၁ ယောက် သေဆုံးခဲ့တာက စံချိန်တင်သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

ချီတက်ဆန္ဒဖော်ထုတ်ပွဲမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကို ဆန့်ကျင်ကြောင်း ချီတက် ကြွေးကြော်ခဲ့ပါတယ်။

ချီတက်မှုမှာ ရှေ့ဆုံးကနေပါဝင်တဲ့ အမျိုးသမီးတွေဟာ မျက်နှာဖုံးအဖြူတွေ တပ်ထားပြီး အဖြူရောင်ဝတ်စုံတွေနဲ့ ချီတက်ခဲ့တာ တွေ့ရပါတယ်။

သူတို့ဟာ ၂၀၂၄ ခုနှစ်အတွင်း အသတ်ခံခဲ့ရတဲ့ အမျိုးသမီးတွေရဲ့ အမည်၊ အသက်၊ နေရာတွေကို ရေးသားထားတဲ့ ပိုစတာတွေ ကိုင်ဆောင်ခဲ့ပါတယ်။

အဲဒီ ချီတက်တောင်းဆိုမှုတွေမှာ အမျိုးသမီးတွေကို ကန့်သတ်ထားတဲ့ တချို့ဥပဒေတွေကို ဖျက်ဖို့၊ ကူးသန်းရောင်းဝယ်ခွင့် စတဲ့အချက်တွေ အပါအဝင် လိင်အလုပ်တွေကိုလည်း ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီလအစောပိုင်းက အသက် ၁၅ နှစ်အရွယ် မိန်းကလေးတယောက်ကို ရည်းစားဟောင်းဖြစ်သူ အသက် ၁၇ နှစ်အရွယ် လူငယ်တယောက်က ဓားထိုးသတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ဒါ့ကြောင့် ဒီနှစ်အတွင်း အမျိုးသမီးတွေအပေါ် သတ်ဖြတ်မှု ၄၂ ယောက်မြောက် ဖြစ်ခဲ့ပါတယ်။

စပိန်နိုင်ငံမှာ ၂၀၀၈ ခုနှစ်က အမျိုးသမီး ၇၆ ယောက်အထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရဖူးကာ ၂၀၀၃ ခုနှစ်ကနေ အခုအချိန်အထိ စုစုပေါင်း ၁,၂၈၆ ယောက်အထိ ရှိတယ်လို့ ဝန်ကြီးဌာနက အချက်အလက်တွေမှာ ဖော်ပြပါတယ်။

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေး နိုင်ငံတကာနေ့ဖြစ်တဲ့ နိုဝင်ဘာ ၂၅ ရက်မှာ လက်တင်အမေရိကရှိ အမျိုးသမီးတွေလည်း ချီတက် ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

မက္ကဆီကိုမြို့နဲ့ ဘိုလီးဗီးယားရှိ အမျိုးသမီးတွေက တရားမျှတမှုအတွက် အစိုးရကို တောင်းဆိုခဲ့သလို အာဂျင်တီးနားမှာလည်း အမျိုးသမီးတွေ အကြမ်းဖက်မှုတိုက်ဖျက်ဖို့ ချီတက် ဆန္ဒဖော်ထုတ်ခဲ့တာလည်း တွေ့ရပါတယ်။

ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ လက်တင်အမေရိကနဲ့ ကာရေဘီယံဒေသတွေမှာ နေ့စဉ် အမျိုးသမီး ၁၁ ယောက်ထက်မနည်း အကြမ်းဖက်ခံရမှုကြောင့် သေဆုံးနေကြောင်း ဖော်ပြထားပါတယ်။

၂၀၂၃ ခုနှစ်အတွင်း အမျိုးသမီး အယောက်  ၅၁,၁၀၀  အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့တာက ၁၀ မိနစ်ကို တယောက် သေဆုံးနေတယ်လို့ ဖော်ပြပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013