DVB Logo
Home
နိုင်ငံတကာ
ဆင်းရဲသည့်နိုင်ငံများကို ဒေါ်လာ ဘီလီယံ ၃၀၀ ကူညီရန် ကုလဆွေးနွေးပွဲ သဘောတူ
DVB
·
November 24, 2024
ဆင်းရဲသည့်နိုင်ငံများကို ဒေါ်လာ ဘီလီယံ ၃၀၀ ကူညီရန် ကုလဆွေးနွေးပွဲ သဘောတူ
Donate to DVB

ဖွံ့ဖြိုးဆဲနိုင်ငံတွေ ရာသီဥတုပြောင်းလဲမှုအတွက် ပြင်ဆင်ဖို့နဲ့ ကာကွယ်ဖို့ အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀၀ စံချိန်တင် ပေးဖို့  ချမ်းသာတဲ့နိုင်ငံတွေက ကတိပြုခဲ့ပါတယ်။ 

ဆွေးနွေးပွဲ ပျက်လုနီးပါးဖြစ်ခဲ့တဲ့ အဇာဘိုင်ဂျန်နိုင်ငံမှာကျင်းပတဲ့ ကုလသမဂ္ဂ ရာသီဥတုထိပ်သီးဆွေးနွေးပွဲ COP29 မှာ သဘောတူခဲ့ကြတာပါ။

ကုလသမဂ္ဂ ရာသီဥတုအဖွဲ့အကြီးအကဲ ဆိုင်မွန်စတီးယဲလ်က “ခရီးလမ်းက ခက်ခဲခဲ့ပေမယ့် သဘောတူညီချက် ရခဲ့ပါတယ်”လို့ ပြောပါတယ်။ 

ဒါပေမဲ့ ရုပ်ကြွင်းလောင်စာ သုံးစွဲမှုကနေ ‘အသွင်ကူးပြောင်းရေး’အတွက် ပြီးခဲ့တဲ့နှစ်က အတည်ပြုခဲ့တဲ့ သဘောတူညီချက်ကိုတော့ ရှေ့မဆက်နိုင်ခဲ့ပါဘူး။ 

ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ ရာသီဥတုပြောင်းလဲမှုဒဏ် အထူးခံရနိုင်တဲ့နိုင်ငံတွေဟာ စနေနေ့ မွန်းလွဲပိုင်းမှာ ဆွေးနွေးပွဲကနေ ထွက်ခွာသွားခဲ့ကြပေမဲ့ တနင်္ဂနွေနေ့ ဒေသစံတော်ချိန် မနက် ၃ နာရီမှာ သဘောတူညီချက်ကို ပြင်ဆင်ပြီးနောက် နိုင်ငံတွေက နောက်ဆုံး သဘောတူညီခဲ့ကြပါတယ်။  

ဆွစ်ဇာလန်၊ မော်လ်ဒိုက်၊ ကနေဒါနဲ့ ဩစတြေးလျနိုင်ငံတို့ကတော့ ကမ္ဘာလုံးဆိုင်ရာ ရုပ်ကြွင်းလောင်စာသုံးစွဲမှုကို လျှော့ချရေးနဲ့ပတ်သက်တဲ့ အသုံးအနှုန်းတွေ အားနည်းလွန်းတယ်လို့ ကန့်ကွက်ခဲ့ပါတယ်။ 

ဒါကြောင့် အဲဒီဆုံးဖြတ်ချက်ကို ၂၀၂၅ ခုနှစ် နောက်တကြိမ် ရာသီဥတုဆွေးနွေးပွဲအထိ ရွှေ့ဆိုင်းခဲ့ပါတယ်။ 

ဒီငွေကြေးအကူအညီပိုမိုပေးမယ်လို့ ကတိပြုတာဟာ ဆင်းရဲတဲ့နိုင်ငံတွေက ရာသီဥတုပြောင်းလဲမှုရဲ့ ဝန်ထုပ်ဝန်ပိုးကို မမျှမတ ထမ်းဆောင်နေရပေမယ့် သမိုင်းကြောင်းအရ ရာသီဥတု အကျပ်အတည်းမှာ ပါဝင်မှု အနည်းဆုံးဖြစ်တာကို အသိအမှတ်ပြုတာ ဖြစ်ပါတယ်။ 

ဒီနှစ်ဟာ  စံချိန်တင် အပူဆုံးနှစ်ဖြစ်ပြီး ပြင်းထန်တဲ့ အပူလှိုင်းတွေနဲ့ သေကျေပျက်စီးစေတဲ့ မုန်တိုင်းတွေ ဖြစ်ပွားခဲ့ပါတယ်။ 

ဆွေးနွေးပွဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ရွေးကောက်ခံရတာက လွှမ်းမိုးခဲ့ပြီး ထရမ့်ပ် လက်ထက် အမေရိကန်ဆီက အကူအညီမရဖို့များတာကြောင့် ထောက်ပံ့ရေးမှာ အခြားနိုင်ငံကြီးတွေက  သဘောတူဖို့ လက်တွန့်ခဲ့ကြတာဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013