DVB Logo
Home
အားကစား
ရက်ရှ်ဖို့ဒ်နှင့် ကတ်စမီရိုတို့ အပန်းဖြေခရီးထွက်သည့်အပေါ် နည်းပြအာမိုရင် ကာကွယ်ပြော
DVB
·
November 23, 2024
ရက်ရှ်ဖို့ဒ်နှင့် ကတ်စမီရိုတို့ အပန်းဖြေခရီးထွက်သည့်အပေါ် နည်းပြအာမိုရင် ကာကွယ်ပြော
Donate to DVB

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်နဲ့ ကွင်းလယ်လူ ကတ်စမီရိုတို့ အားလပ်ရက်အပန်းဖြေခရီးထွက်ခဲ့ကြတဲ့အပေါ် နည်းပြအာမိုရင်က ကာကွယ်ပြောသွားပါတယ်။

ရက်ရှ်ဖို့ဒ်နဲ့ ကတ်စမီရိုတို့ အနေနဲ့ အသင်းရဲ့ အခြေအနေကျဆင်းနေချိန်မှာ အပျော်ခရီးထွက်မဲ့အစား ပရော်ဖက်ရှင်နယ်ကျကျ လေ့ကျင့်ပြင်ဆင်နေဖို့လိုကြောင်း နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်နဲ့ ဘောလုံးကျွမ်းကျင်သူတွေက ဝေဖန်ခဲ့ကြတာပါ။

အသင်းနည်းပြ အပြောင်းအလဲပြုလုပ်ချိန်လည်းဖြစ်သလို အမှတ်ပေးဇယားအဆင့် ၁၃ မှာရောက်ရှိနေတဲ့အသင်းက ကစားသမားတယောက်အနေနဲ့  အပျော်ခရီးထွက်ခဲ့တာက မသင့်တော်ကြောင်း နဗီးလ်က ဝေဖန်ပါတယ်။

နည်းပြအာမိုရင်ကတော့ ကစားသမားတွေကို ခွင့် ၅ ရက်ပေးထားတာဖြစ်သလို မိသားစုဝင်တွေနဲ့ ကလေးငယ်တွေလည်းရှိတာကြောင့် သူတို့စိတ်ကြိုက်ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း ကစားသမားတွေ အပေါ် ကာကွယ်ပြောသွားခဲ့တာပါ။

ဘရာဇီးလူစာရင်းမှာ မပါဝင်ခဲ့တဲ့ တောင်ပံကစားသမားဖြစ်သူ အန်တိုနီဟာလည်း ဘရာဇီးနိုင်ငံဆီ ပြန်သွားခဲ့တာ ဖြစ်ပါတယ်။ 

Photo: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013