
ဆယ်စုနှစ်ကာလအတွင်း ငွေကြေးအသုံးအများဆုံးအသင်း စာရင်းမှာ မန်ယူအသင်းက ထိပ်ဆုံးနေရာကနေ ဦးဆောင်နေပါတယ်။
CIES လို့ခေါ်တဲ့ ဘောလုံးအချက်အလက် သုတေသနအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကနေ စတင်ပြီး လက်ရှိအချိန်အထိ ကစားသမားအပြောင်းအရွှေ့အတွက် ငွေကြေးအသုံးအများဆုံးအသင်း စာရင်းမှာ မန်ယူအသင်းက နံပါတ်တစ်နေရာမှာ ရပ်တည်ခဲ့တာပါ။
မန်ယူအသင်းဟာ အခုနှစ်နွေရာသီ အပြောင်းအရွှေ့မှာ ပေါင်သန်း ၂၀၀ ကျော် အသုံးပြုခဲ့ပြီး ၁၀ နှစ်အတွင်း ပေါင် ၁ ဒသမ ၀၈ ဘီလီယံအထိ အသုံးပြုခဲ့တာပါ။
မန်ယူအသင်းရဲ့နောက်မှာ ချဲလ်ဆီးက ရပ်တည်နေပြီး ၁၀ နှစ်အတွင်း ပေါင် ၁ ဒသမ ၀၇ ဘီလီယံ အသုံးပြုခဲ့တာပါ။
အဲဒီနောက် ပီအက်စ်ဂျီက ပေါင် ၈၂၅ သန်းနဲ့ အဆင့် ၃၊ အာဆင်နယ်က ပေါင် ၆၆၁ သန်းနဲ့ အဆင့် ၄၊ စပါးက ပေါင် ၅၉၁ သန်းနဲ့ အဆင့် ၅၊ မန်စီးတီးက ပေါင် ၅၈၅ သန်းနဲ့ အဆင့် ၆ နေရာတွေမှာ အသီးသီးရပ်တည်ခဲ့ပါတယ်။
ငွေသုံးအများဆုံး ထိပ်ဆုံး ၁၀ သင်းထဲမှာ ဆော်ဒီကလပ် အယ်ဟီလယ်လည်း ပါဝင်ပြီး အေစီမီလန်၊ နယူးကာဆယ်၊ ဘာစီလိုနာတို့ ပါဝင်ပါတယ်။
ထိပ်ဆုံးအသင်း ၂၀ ထဲမှာ ပရီးမီးယားလိဂ်က ဝက်စ်ဟမ်း၊ ဗီလာ၊ ဘုန်းမောက်၊ လီဗာပူး၊ ပဲလေ့စ်နဲ့ ဝုဗ်အသင်းတွေလည်း ပါဝင်ပါတယ်။
Photo-Reuters










