DVB Logo
Home
နိုင်ငံတကာ
ထိုင်ဝမ်ကို “NATO Plus” မဟာမိတ်နိုင်ငံများစာရင်းတွင် ထည့်ရန် အကြံပြု
DVB
·
November 21, 2024
ထိုင်ဝမ်ကို “NATO Plus” မဟာမိတ်နိုင်ငံများစာရင်းတွင် ထည့်ရန် အကြံပြု
Donate to DVB

အမေရိကန်က ထိုင်ဝမ်ကို “NATO Plus” မဟာမိတ်နိုင်ငံများစာရင်းမှာ ထည့်ဖို့နဲ့ အနာဂတ်မှာ လက်နက်ရောင်းချမှုကို ချောမွေ့စေမယ့် တည်ဆဲဥပဒေတရပ်ကို ပြင်ဆင်ဖို့ လုပ်သင့်တယ်လို့ အမေရိကန်ကော်မရှင်က နိုဝင်ဘာ ၁၉ ရက်မှာ အမေရိကန် အောက်လွှတ်တော်မှာ တင်ပြတဲ့ နှစ်ပတ်လည်အစီရင်ခံစာထဲမှာ အကြံပြုလိုက်ပါတယ်။

အမေရိကန်-တရုတ် စီးပွားရေးနဲ့ လုံခြုံရေး ပြန်လည်သုံးသပ်ရေးကော်မရှင် (USCC) ရဲ့ ၂၀၂၄ ခုနှစ် အစီရင်ခံစာထဲက အကြံပြုချက်ထဲမှာ အမေရိကန်-တရုတ် စီးပွားရေးနဲ့ ကုန်သွယ်ရေး ဆက်ဆံမှု၊ လုံခြုံရေးဆက်ဆံရေးနဲ့ ထိုင်ဝမ်၊ ဟောင်ကောင် ဆိုင်ရာ ကိစ္စရပ်တွေပါတဲ့ အခန်းတွေ ပါဝင်နေပါတယ်။

ထိုင်ဝမ်ဆိုင်ရာ အခန်းမှာ ကော်မရှင်က NATO Plus လက်ခံသူစာရင်းထဲမှာ ထိုင်ဝမ်ကို ထည့်သွင်းဖို့ အပါအဝင် ၁၉၇၆ ခုနှစ် လက်နက်တင်ပို့မှု ထိန်းချုပ်ရေး အက်ဥပဒေကို ပြင်ဆင်ဖို့ အောက်လွှတ်တော်ကို တိုက်တွန်းခဲ့ပါတယ်။

လက်နက်တင်ပို့မှုထိန်းချုပ်ရေး အက်ဥပဒေအရ NATO Plus နိုင်ငံတွေဆီ လက်နက်ရောင်းချမှုဟာ အမေရိကန်ဒေါ်လာ ၂၅ သန်းထက် ကျော်လွန်ရင် အောက်လွှတ်တော်က အတည်ပြုရမှာပါ။

ထိုင်ဝမ်ဆီ လက်နက်ရောင်းချမှုဟာ အမေရိကန်ဒေါ်လာ ၁၄ သန်းကျော်ရင် လက်ရှိမှာ လွှတ်တော်ရဲ့ ခွင့်ပြုချက် လိုအပ်ပါတယ်။

ထိုင်ဝမ်သာ NATO Plus စာရင်းထဲမှာ ပါလာရင် “လုံခြုံရေးဆိုင်ရာ အကူအညီပေးရေး မိတ်ဖက်တွေနဲ့ ထိုင်ဝမ်ဆီ အလားအလာရှိတဲ့ လွှဲပြောင်းမှုတွေအပေါ် ပို့ကုန်ထိန်းချုပ်မှုဆိုင်ရာ ပြန်လည်သုံးသပ်မှုလုပ်ငန်းစဉ်တွေကို သက်သာစေလိမ့်မယ်” လို့ နိုဝင်ဘာ ၁၉ ရက် လွှတ်တော်ကြားနာပွဲ တရပ်မှာ USCC အဖွဲ့ဝင်နဲ့ ပင်တဂွန် အရာရှိဟောင်း ရန်ဒယ် ရှရစ်ဗာက ပြောခဲ့ပါတယ်။

ထိုင်ဝမ်ဟာ အမေရိကန်ရဲ့ အကာအကွယ်ကို ဆက်ယူချင်တယ်ဆိုရင် ဘဏ္ဍာရေးအရ ပိုထည့်ဝင်ရမယ်လို့ ရွေးကောက်ခံ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပြီးတဲ့နောက် ထိုင်ဝမ်က အမေရိကန်လက်နက်တွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံဖိုး ဝယ်ဖို့ အတည်ပြုခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013